Home › Groups › Movie Hub mmsub🎥🍿
Movie Hub mmsub🎥🍿 Telegram
Telegram Channel Link

Movie Hub mmsub🎥🍿 Telegram Channel Link

★★★★★ 0.0 (0 ratings)
👁 1 views ↗ 0 joins
🇮🇳 India 🌐 Tamil # Film & Animation
About this telegram channel link
Popular Movie with MMsub , Enjoy !
Telegram Channel

Latest public posts from this Telegram channel.

79 subscribers
18 Mar 2025 latest post
Click to fetch the latest posts directly from Telegram.
The Prosecutor 2025 Movie 🍿အားလုံးအကြိုက် မင်းသားကြီး Donnie Yen ရဲ့ကားအသစ်ကလေး လာပါပြီ ဇာတ်လမ်းအကျဉ်း လူငယ် Ma Zhi Jie ဟာ ရာဇ၀တ်ဂိုဏ်းတစ်ခုထံမှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ချောက်ချခံရပြီး ဟောင်ကောင်တရားရေးဌာနရဲ့ တရားစွဲခြင်းကို ခံရပါတယ် ရာဇ၀တ်ဂိုဏ်းဟာ Ma Zhi Jie ကို အပြစ်ဝန်ခံရအောင် လှည့်ဖြားဖို့ တရားခံရှေ့နေတစ်ဦးကို စေလွှတ်ခဲ့ပြီး ရလဒ်အနေနဲ့ တရားခံအစစ်က တရားသေလွတ်မြောက်သွားခဲ့ပါတယ် အစိုးရအမှုစစ် Guo Zi Hao ဟာ စုံစမ်းစစ်ဆေးရေးမှူး Li Jin Wei နဲ့အတူ ပူးပေါင်းပြီး အမှန်တရားကို ရှာဖွေဖော်ထုတ်ဖို့ သူတို့ရဲ့ အလုပ်အကိုင်နဲ့ အသက်ကို လောင်းကြေးထပ်ကာ စွန့်စားခဲ့ပါတယ် နှစ်ဦးသားဟာ အန္တရာယ်တွေကြားက ရာဇဝတ်ဂိုဏ်းကို တိုက်ဖျက်ပြီး တရားမျှမှုကို ဘယ်လိုဆောင်ကျဉ်းပေးမလဲဆိုတာ ...🍿Movie Link🍿https://t.me/cnhkmovie/448
သဘာဝလွန် ဇာတ်လမ်း အမျိုးအစားကိုမှ “Global Hit”အဖြစ် စံချိန်တင်ခဲ့ပြီး၊ကိုရီးယား နိုင်ငံရဲ့ ထိပ်တန်း သရုပ်ဆောင်တွေ ဖြစ်တဲ့ Song Hye Kyo, Jeon Yeo Been,Lee Jin Wookတို့နဲ့ Moon Woo Jinတို့ ပါဝင်ထားတဲ့ Dark Nuns ဇာတ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ကလေးငယ်တွေဆီမှာ လိုက်လံ ပူးကပ်တတ်တဲ့ နတ်ဆိုးကြောင့် ကျောင်းသားလေးဟီးဂျွန် (Moon Woo Jin)ဟာ ဓားစာခံ ဖြစ်နေရပြီး ဒီဖြစ်ရပ် အပေါ်မှာ မတူညီတဲ့ အမြင်‌တွေရှိနေကြတာကတော့ သီလရှင် ယူနီယာ (Song Hye Kyo)နဲ့ ဖာသာပေါလ် (Lee Jin Wook)ပါပဲ။ဟီးဂျွန်ရဲ့ ခန္ဓာကိုယ်ထဲက နတ်ဆိုးကို ရှင်းထုတ်နိုင်ဖို့ အတွက် သီလရှင် ယူနီယာက အပနှင်ပွဲ ပြုလုပ်ချင်ပေမဲ့ဖာသာပေါလ်ကတော့ ဆေးပညာကိုသာ အားထားရမှာ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေခဲ့ပါတယ်။ဝိညာဉ်တွေရဲ့ တီးတိုးစကားသံကိုပါ ကြားနိုင်စွမ်း ရှိတဲ့ သီလရှင် ယူနီယာတစ်ယောက် ယူဆချက်မတူတဲ့ ဒီလို အခြေအနေတွေ ကြားကနေ ဟီးဂျွန်ကို ကယ်တင်ဖို့ အတွက် ဘယ်လိုအရာတွေနဲ့ရင်ဆိုင်ရမလဲ ဆိုတာကိုတော.. ဇာတ်လမ်းထဲမှာပဲ ဆက်လက်ရှုစားပေးကြပါဦး။🍿Movie Link🍿https://t.me/kimchimmsub/51
The Unseen Sister 2024 မြန်မာပြည်မှာ စမူဆာကြော်လာစားသွားတဲ့ အသည်းကျော် မင်းသမီးလေး Zhao Li Ying ရဲ့ ရုပ်ရှင်ကားသစ်လေးထွက်ရှိလို့လာပြီနော် ..😁🫶 ဇာတ်လမ်းအကျဉ်း နယ်စပ်မြို့ကလေးမှာ ကြီးပြင်းလာတဲ့ Qiao Yan ဟာ နှစ်ပေါင်းများစွာ အလုပ်ကြိုးစားခဲ့ပြီး နောက်ဆုံးမှာတော့ နာမည်ကြီး မင်းသမီးတစ်ယောက်ဖြစ်လာခဲ့ပါတယ် ပြင်းထန်တဲ့ဖိအားတွေအောက် သတိကြီးစွာ လျှောက်လှမ်းနေခဲ့ရတဲ့ Qiao Yan တစ်ယောက် အမည်မသိခြိမ်းခြောက်စာတစ်‌စောင်ကြောင့် ပြာပုံထဲကအတိတ်ဟာ သူမရဲ့ အရိပ်သဖွယ်ဖြစ်လာတဲ့အခါ ... သိပ်မကြာခင်မှာပဲ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ချစ်သူနဲ့ထွက်ပြေးကာ အဆက်အသွယ်ပြတ်သွားခဲ့တဲ့ အစ်မဖြစ်သူဟာ သူမဘဝထဲမှာ တိုက်ဆိုင်စွာ ပြန်လည်ထွက်ပေါ်လာတဲ့အခါ ... ညီအစ်မနှစ်ဦးရဲ့ ချစ်ခြင်း‌တွေအောက် .. ဘယ်လိုလျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားမလဲ ?Movie Linkhttps://t.me/cnhkmovie/446
Hitman 1 တုန်းကလိုပဲ ဝက်ဝက်ကွဲ ရယ်ရဦးမဲ့ Hit Man 2 ထွက်ရှိလို့လာပါပြီ။သရုပ်ဆောင်တွေအနေနဲ့ S1 တုန်းကအတိုင်း Kwon Sang Woo, Jung Joon Ho,Lee Yi Kyung, Kim Sung Oh, Hwang Woo Seul Hye, Han Ji Eun တို့ကအဓိက ပြန်လည်ပါဝင် သရုပ်ဆောင်ထားပါတယ်။S1 တုန်းကလို ကာတွန်း ရေးရတာကို ဝါသနာပါတဲ့ ဂင်ဘုံဂျွန်ဟာ သူ့ဘဝဇာတ်ကြောင်းကိုအခြေခံပြီး ရေးသားထားတဲ့ “လုပ်ကြံရေးသမားဂျွန်” ဆိုတဲ့ Webtoonကို အတွဲ၂ ထွက်ရှိဖို့ကြိုးစားခဲ့ပေမဲ့ သူ ထင်ထားသလို မ‌အောင်မြင်တဲ့အပြင် အပျက်သဘောဆောင်တဲ့မှတ်ချက်တွေနဲ့ပါ တိုက်ခိုက်ခံလာရပြီး နာမည်ပျက်ဖို့ လမ်းစပြုလာခဲ့ပါတယ်။အဲဒီအချိန်မှာပဲ အကြမ်းဖက်သမား အစစ်တွေ ကိုရီးယားကို ရောက်ရှိလာပြီး ဂင်ဘုံဂျွန်ကိုလုပ်ကြံဖို့အတွက် အကြမ်းဖက် လုပ်ရပ်တွေကို စတင် ပြုလုပ်လာပါတော့တယ်။ဒါပေမဲ့လည်း အဲဒီ အကြမ်းဖက် လုပ်ရပ်တွေက ဂင်ဘုံဂျွန်ရဲ့ ဇာတ်လမ်းထဲကအတိုင်းတစ်ထပ်တည်းဖြစ်နေခဲ့တာကြောင့် ဂင်ဘုံဂျွန်ဟာ သံသယရှိတဲ့ တရားခံအနေနဲ့ သတ်မှတ်ခံလိုက်ရပြန်ပါတော့တယ်။အဲဒီ အခြေအနေကို ဂင်ဘုံဂျွန် တစ်ယောက် ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ..ဘယ်လိုအလွဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက် ရှုစားပေးကြပါဦးနော်။Movie Linkhttps://t.me/kimchimmsub/49
လက်နက်မဲ့ ပြည်သူတွေအတွက် စွန့်စွန့်စားစား မိစ္ဆာတွေကိချေမှုန်းခဲ့ရာကနေမှ တရားစစ် တရားမှန်ကို သဘောပေါက်နားလည်ပြီးစွန်းဝူခုန်းဖြစ်လာခဲ့တာလို့ ပြောင်းလဲ တင်ဆက်ပြထားတာပေါ့…ဒီဇာတ်လမ်းထဲမှာ တခြားဇာတ်ကောင်တွေနဲ့ တခြား ပုံစံဆန်းလေးတွေတင်ဆက်ပြထားတာမို့ အက်ရှင်ကားတွေကြိုက်ပြီးစွန်းဝူခုန်းကားကိုမှကြည့်ချင်တယ်ဆိုသူတွေ ဒေါင်းကြည့်သင့်တာမို့ကြည့်ဖြစ်အောင်ကြည့်လိုက်ကြနော်…Movie Linkhttps://t.me/cnhkmovie/444
Rating 7.1 အထိရရှိထားတဲ့ Animation ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်…အဲလစ်စ်ဆိုတဲ့ကောင်လေးဟာ သူ့မွေးနေ့မှာမတွေ့တာကြာနေပြီဖြစ်တဲ့ ဦးလေးစတီးဝါ့ဒ်ဆီကနေနင်ဂျာရုပ်လေးတစ်ရုပ်လက်ဆောင်ရခဲ့ပါတယ်…နင်ဂျာရုပ်လေးဟာ တကယ့်အပြင်က ပုံမှန်နင်ဂျာသမားတွေလို အနက်ရောင်အင်္ကျီနဲ့ဖြစ်မနေဘဲအင်္ကျီအကွက်လေးနဲ့ဖြစ်နေပါတယ်… ဒါ့အပြင်ပိုထူးဆန်းတာက နင်ဂျာလေးဟာ အသက်ရှိနေတာပဲဖြစ်ပါတယ်…အမြဲတမ်းမဝံ့မရဲနဲ့ဖြစ်နေတတ်တဲ့ အဲလစ်စ်ဟာ နင်ဂျာရုပ်လေးရဲ့ကျေးဇူးနဲ့ဘယ်လိုတွေဆက်ဖြစ်လာမလဲ…သူတဖက်သတ် ကြိတ်ပြီး ချစ်နေရတဲ့ ကောင်မလေးကရော သူ့လိုငကြောက်လေးကိုပြန်ချစ်လာနိုင်ပါ့မလား…နင်ဂျာရုပ်လေးကသူ့ကိုကူညီသလို သူကလဲနင်ဂျာရုပ်လေးကိုဘယ်လိုပြန်ကူညီရမှာလဲ…နင်ဂျာရုပ်လေးကရော ဘာ့ကြောင့် အင်္ကျီအကွက်လေးနဲ့ဖြစ်နေပြီးတော့ အသက်ဝင်နေရသလဲ…ဇာတ်လမ်းလေးကိုကြည့်ရင်းအဖြေရှာကြည့်လိုက်ပါMovie Linkhttps://t.me/kartoonmmsub/126
⭐️Channel owner တွေအတွက်မရှိမဖြစ် Telegram Premium တွေကို၁လမှစဝယ်ယူနိုင်ပါပြီ ⭐️⭐️Premiumမှာရနိုင်တဲ့Featureတွေက ✅profile badge ❇️Up to 4GB upload size 🔼Speed up x2 upload/download 🖥စကားလုံးအကန့်အသတ်မရှိpostတင်နိုင်ခြင်း😊animated Emoji ပေါင်းများစွာ စိတ်ကြိုက်သုံးနိုင်ခြင်း🕶Profile background Theme စိတ်ကြိုက်ပြောင်းနိုင်ခြင်း🆒Folder အခု30ထိခွဲနိုင်ခြင်း /folder label 🏷 ထားနိုင်ခြင်း/color change နိုင်ခြင်း🔥Animated profile👨‍💻One click Translate featureအသုံးပြုနိုင်ခြင်း⚡️Personal မှာStory တင်နိုင်ခြင်း /channel pin 10ခုထောက်နိုင်ခြင်း👍 မိမိရဲ့story ကိုလူအများဆီရောက်အောင်ဦးစားပေးပြပေးခြင်း😮Personal story 700/week📥Download speed မြန်ဆန်ခြင်း💯Channel ပေါင်းများစွာ Join နိုင်ခြင်းTelegram Business Feature 💼Welcome messageQuick replyAway message Shop location/Time ထည့်ထားနိုင်ခြင်းဝယ်ယူလိုလျှင် ⤵️https://t.me/+6ovX9pBTG6c2YmU1#Work_from_home စိတ်ဝင်စားတဲ့သူတွေအတွက် social media like follow service group ➡️https://t.me/+NkWYDzp_rZhmNTNl
👾👾👾ကဲ အားလုံးမျှော်နေကြတဲ့ Squid Game S2ကတော့ 3နှစ်အကြာမှာ ထွက်ရှိလာပါပြီ။ S1က ရင်းနှီးပြီးသား Castတွေဖြစ်တဲ့ Lee Jung Jae, Lee Byung Hun, Wi Ha Joon, Gong Yooတို့လိုမင်းသားကြီးတွေ အပြင် Im Si Wan, Kang Ha Neul, Park Sung Hoon တို့လို ပရိသတ်ရင်းနှီးပြီးသားတခြားနာမည်ကြီး သရုပ်ဆောင်များစွာလည်း ပါဝင်အားဖြည့်ထားပေးကြပါသေးတယ်။S1 ကစားပွဲရဲ့ အနိုင်ရသူဖြစ်တဲ့ ကစားသမားနံပါတ် ၄၅၆ ဆောင်းဂီဟွန်း (Lee Jung Jae) ဟာတခြားကစားသမားတွေရဲ့ အသက်ကို ကယ်တင်ပြီး ကစားပွဲကို အဆုံးသတ်ချင်တဲ့အတွက်Squid Gameထဲကို ပြန်လည်ဝင်ရောက်လာပါတယ်။ဒါပေမဲ့ အခက်အခဲအမျိုးမျိုးကြောင့် ပိုက်ဆံလိုအပ်လို့ ကစားပွဲထဲကိုရောက်လာကြတဲ့ကစားသမားအသစ်တွေကတော့ ဝမ်၄၅.၆ဘီလီယံဆိုတဲ့ ငွေပမာဏအမြောက်အမြားကိုမြင်ပြီးငွေဆိပ်တက်ကာ အသက်ကို မမှုနိုင်ဖြစ်နေကြပါတယ်။ဒါကြောင့် ဒီရက်စက်လှတဲ့ကစားပွဲထဲမှာ ဘယ်ကစားသမားက အဆုံးထိရှင်ကျန်သွားနိုင်မလဲ..။ဆောင်းဂီဟွန်းကရော ဒီကစားပွဲရပ်တန့်အောင် တားဆီးသွားနိုင်မလား..။S1 ထက် ပိုကြမ်းတဲ့ ဇာတ်လမ်း၊ ဇာတ်ကောင်ပုံစံတွေနဲ့ ရင်တထိတ်ထိတ် ကြည့်ရှုရမှာဖြစ်လို့ရှုစားလိုက်ကြပါဦးနော်Movie Linkhttps://t.me/mmsubmovie2024/104
ဒီဇာတ်ကားဟာ ကိုယ်တိုင်ကားမောင်းပြီး ခရီးထွက်ခဲ့တဲ့ အသက် ၅၀ အရွယ် အဒေါ်တစ်ယောက်ရဲ့ တကယ့်ဘဝ ဇာတ်လမ်းကို ဆီလျော်အောင် ရိုက်ကူးထားပါတယ်။Li Hong (Yong Mei ကသရုပ်ဆောင်) ဟာ သူ့ဘဝရဲ့ အိပ်မက်တွေ အများကြီးရှိခဲ့ပြီး သူမ အသက် 18 နှစ်မှာ တက္ကသိုလ်တက်ဖို့၊ အသက် 25 နှစ်အရွယ်မှာ အချစ်အတွက်နဲ့... အသက် 45 နှစ်အရွယ်မှာ ခရီးတွေထွက်ပြီးပျော်ပါးဖို့ စိတ်ကူးယှဉ်ခဲ့သူပါ ဒါပေမဲ့...ဘဝတလျှောက်လုံး သူတပါးအတွက်အရေးကြီးတဲ့အရာတွေကိုပေးဆပ်ရင်း သူမဟာ စောင့်ဆိုင်းရင်း စောင့်ဆိုင်းရင်း ထပ်ခါထပ်ခါ ကိုယ့်အတွက်ပျော်ရွှင်ဖို့ကို လွဲချော်နေခဲ့ပါတယ် အသက် 50 မှာတော့ Li Hongတယောက် နောက်ထပ်မစောင့်နိုင်တော့ဘဲ ဘဝအသစ်တခုကိုသတ္တိရှိစွာ ဖြတ်သန်းရန် ဆုံးဖြတ်ခဲ့တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်Movie linkhttps://t.me/cnhkmovie/441
Taken (2008)မကြည့်ရသေးတဲ့သူတွေအတွက် ဇာတ်လမ်းကို ပြောပြရရင်တော့ ဘရိုင်ယန်ကစီအိုင်အေစုံထောက်ဟောင်းတစ်ယောက်ပါ။ အလုပ်မှာပဲအချိန်ပေးခဲ့တာကြောင့်မိန်းမနဲ့ကွာရှင်းလိုက်ရပြီး ၁၇ နှစ်အရွယ်သမီးလေးကိုပါ သူ့အမေလက်ထဲထည့်ပေးလိုက်ရတာမို့အငြိမ်းစားယူပြီးနောက် သမီးဖြစ်သူကို အကောင်းဆုံးဖြည့်ဆည်းပေးဖို့ ကြိုးစားနေသူပါ။တစ်ရက်မှာ သူ့သမီးက ပဲရစ်ကို သူ့သူငယ်ချင်းနဲ့ ခရီးသွားမယ်ဆိုပြီး ထွက်သွားရာကနေအယ်လ်ဘေးနီးယန်း လူမိုက်တွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတော့တယ်။ရုရှားတွေကတောင် ဝေးဝေးကရှောင်တယ်ဆိုတဲ့ အယ်လ်ဘေးနီးယန်းလူမိုက်တွေ လက်ထဲကနေဘရိုင်ယန်တစ်ယောက် သူမှာရှိတဲ့သတင်းအတိုအစလေးတွေကို သုံးပြီး သမီးဖြစ်သူကိုဘယ်လို ကယ်တင်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ အသည်းယားစဖွယ် ကြည့်ရှုလိုက်ကြပါဦး။Movie Linkhttps://t.me/mmsubmovie2024/102
Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီးစကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။Movie Linkhttps://t.me/mmsubmovie2024/100
Tinker Tailor Soldier Spy (2011) ဇာတ်ကားကလည်း စပိုင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်..စပိုင်တွေရဲ့ ထုံးစံအတိုင်း လျှို့ဝှက်တယ် အနေအထိုင်ကျစ်လစ်တယ်…သူ့တို့ဟာ တခြားဘက်ကလူဆိုတာကို မသိနိုင်လောက်အောင် လျှို့ဝှက်တတ်ကြတယ်…အရမ်းတော်တဲ့သူတွေနဲ့ဖွဲ့စည်းထားတဲ့ လျှို့ဝှက်အေဂျင်စီတစ်ခုရှိတယ်….ဒီအေဂျင်စီခေါင်းဆောင်ဟာ သူ့အဖွဲ့ထဲမှာ စပိုင်တစ်ယောက်ပါနေတယ်လို့သံသယရှိနေတယ်…ဒါကြောင့် ခေါင်းဆောင်ဖြစ်သူဟာ စပိုင်ကိစ္စကိုစုံစမ်းဖို့ သူယုံကြည်ရတဲ့ သူတစ်ယောက်ကိုစုံစမ်းဖို့ ဘူတာပက်စ်ကို လွှတ်ခဲ့ပါတယ်။ သို့ပေမယ့် သူလွှတ်လိုက်တဲ့သူဟာ ဘူတာက်စ်မှာ ပစ်သတ်ခံခဲ့ရပါတယ်…စပိုင်တွေရဲ့ နေထိုင်မှုပုံစံတွေနဲ့ အလုပ်တစ်ခုမှာ ယုံကြည်မှုဆိုတာ ဘယ်လိုမျိုးလဲ ကောင်းကောင်းပြထားတဲ့ကားပါ…ဒီကားထဲမှာပါဝင်သရုပ်ဆောင်ထားတဲ့သူတွေက နာမည်ကြီးမင်းသားတွေဖြစ်တဲ့အပြင် IMDb, Rotten ရောအကောင်းဆုံးအနေအထားမှာရှိနေပါတယ်….ကျွန်တော်တို့ရဲ့ doctor strange ကြီးလည်း ပါဝင်ထားပါတယ်Movie Linkhttps://t.me/mmsubmovie2024/98
ဒီဇာတ်လမ်းမှာ ရဲတစ်ယောက် Michael က သူ့ရဲ့ မင်္ဂလာပွဲပုံရိုက်တဲ့အခါမှာ အရေးပေါ်မစ်ရှင်တစ်ခုရရှိပြီး၊လူသတ်သမား Leo ကို ဖမ်းဆီးဖို့ သွားရောက်ခဲ့ပါတယ်။ သို့သော် အမှားတစ်ခုကြောင့် Bob က Michael ကို သတ်သွားပြီး၊ သူ့ရဲ့ နှလုံးကို Leo အားလွဲပြောင်းပေးခဲ့ပါတယ် Leoက အသစ်ရရှိတဲ့ နှလုံးနှင့် ပြောင်းလဲလာပြီး Michael ရဲ့ ချစ်သူ မက်ဂျီ (Maggie) အပေါ်မှာ တွေ့တွေ့ချင်းချစ်နှစ်သက်ခဲ့ပါတယ်Maggie ရဲ့ မျှော်မှန်းချက်ကို ပြည့်မီစေဖို့ Leo က ရဲသည် (Yan Wei) နှင့်ပူးပေါင်းပြီး တရားခံအမှန်ကိုသွားရောက်ဖမ်းဆီးခဲ့ကြပါတယ် နောက်ဆုံးမှာ Leo တယောက် ထိခိုက်ဒါဏ်ရာရပြီး သေဆုံးသွားတဲ့ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ် Movie Linkhttps://t.me/cnhkmovie/439
Go For Broke 重生*Ma Yuke** က ရိုက်ကူးရေးသားထားပြီး၊ Zhang Jiayi, Ru Jingting နှင့် Zhang Rongyong တို့ပါဝင် သရုပ်ဆောင်ထားပါသည်။ အဓိကဇာတ်ကောင်များအနက် Ma Yuke နှင့် Chen Guokun တို့လည်း ပါဝင်ထားသည်။ ဇာတ်လမ်းအဓိကမှာ မူးယစ်ဆေးကုန်ကူးခြင်း အခြေပြုပြီး၊ မိသားစုရဲ့ ဖောက်ပြန်ခြင်း နှင့် လက်စားချေမှု ဆိုင်ရာအကြောင်းအရာများကို ရိုက်ကူးထားတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ် ။ Movie Linkhttps://t.me/cnhkmovie/437
The Substance (2024)ဇာတ်လမ်းအကျဉ်းအယ်လီဇဘတ်ဟာ နာမည်ကြီးမင်းသမီးဖြစ်ခဲ့ပေမဲ့ အသက်အရွယ်ကြီးရင့်လာတဲ့အခါ သူ့နေရာမှာ ကောင်မလေးငယ်ငယ်လှလှလေးနဲ့အစားထိုးဖို့ တီဗီအစီအစဉ်တစ်ခုကနေ ကန်ထုတ်ခံလိုက်ရပါတယ်။အဲဒီအချိန်မှာ သူ့ကို ထူးဆန်းတဲ့ ဆေးတစ်မျိုး ကမ်းလှမ်းလာပါတယ်။အဲဒီဆေးရဲ့ အစွမ်းကတော့ ဆေးသုံးလိုက်တဲ့သူရဲ့ ဆဲလ်တွေကိုပွားလာစေပြီး အဲဒီဆေးထိုးခံတဲ့သူရဲ့ နောက်ထပ် ဗားရှင်းလူတစ်ယောက်ကိုယ်ပွားထွက်ပေါ်လာတာပါပဲ။ အဲဒီကိုယ်ပွားက ပိုလှမယ် ပိုတော်မယ်ပိုပြီးပြည့်စုံတဲ့ ဗားရှင်းဖြစ်လာပါမယ်။ဒါပေမဲ့ အရေးကြီးတဲ့သတ်မှတ်ချက်ကတော့ မူလလူနဲ့ ကိုယ်ပွားဟာတစ်ယောက်ကို တစ်ပတ်စီ အချိန်ပေးရပါတယ်။ ဒါပေမဲ့ ငယ်ရွယ်တဲ့ကိုယ်ပွားလေးဟာ တဖြည်းဖြည်း ပိုအောင်မြင်လာပြီ အချိန်တွေကိုပိုလောဘကြီးလာတဲ့အခါ မူရင်းလူမှာ ယိုယွင်းတာတွေ ဆိုးရွားလာပြီးကိုယ်ပွားမှာလဲ ခန္ဓာကိုယ်မတည်ငြိမ်တာတွေဖြစ်လာပါတယ်။အဲဒီကနေမှ ပိုပိုပြီး အရုပ်ဆိုးတဲ့ ရက်စက်တဲ့အဖြစ်အပျက်တွေဖြစ်လာတဲ့အခါ…Movie Linkhttps://t.me/mmsubmovie2024/96
How to Make Millions Before Grandma Dies (2024) “🎥 ဇာတ်လမ်းအကျဉ်း 🎥 M ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ တစ်နေ့တစ်နေ့ ဘဝကိုအလေးမထားပဲ အချိန်ကုန်နေရာကနေ တစ်နေ့မှာ အဘွားဖြစ်သူက ကင်ဆာရောဂါအဆင့် ၄ ခံစားနေရပြီး အသက်ရှင်ရဖို့ အချိန်တစ်နှစ်ပဲကျန်တော့တာကို သိလိုက်ရလို့ အဘွားကို ပြုစုပေးဖို့အတွက် အလုပ်ကထွက်လိုက်ပါတယ်။ ဒါပေမဲ့ ဒီလိုပြုစုပေးရတဲ့ နောက်ကွယ်က အကြောင်းရင်းကတော့ သိတတ်လွန်းပြီး အဘွားကို သံယောဇဉ်တွယ်လွန်းတဲ့ မြေးလေးဖြစ်နေလို့ မဟုတ်ဘဲ အချိန်သိပ်မကျန်တော့တဲ့ အဘွားကိုပြုစုပေးပြီး အဘွားဆီကနေ အမွေလိုချင်တာကြောင့်ပါပဲ။ M မထင်မှတ်ထားခဲ့မိတာကတော့ M က ရောဂါသည်အဘိုးရဲ့ နောက်ဆုံးရက်တွေမှာ ပြုစုပေးရင်းနဲ့ အိမ်အမွေရခဲ့တဲ့ သူ့ဝမ်းကွဲညီမကိုတွေ့ပြီး ဒီအကြံကိုရလာခဲ့မှန်း သူ့အဘွားကလည်း သိနေခဲ့တယ်ဆိုတာကိုပါ။ ဒီလိုနဲ့ အဘွားရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ဆန်ပြုတ်ကူရောင်းပေးရင်း ပြုစုပေးရင်းနဲ့ အမှတ်တရတွေဖန်တီးသွားကြမဲ့ မြေးအဘွားနှစ်ယောက်ရဲ့ သံယောဇဉ်အပြင် မိခင်တစ်ယောက်ရဲ့ ချစ်ခြင်း၊ အဘွားတစ်ယောက်ရဲ့ မေတ္တာ၊ သားသမီးတွေရဲ့ တုံ့ပြန်ပုံ စတဲ့ မတူညီတဲ့ချစ်ခြင်းတွေကို ဘယ်လိုမျိုး ပုံဖော်ထားမလဲဆိုတာကိုတော့ ...Movie Linkhttps://t.me/cnhkmovie/436
ဇာတ်လမ်းအကျဉ်းဒက်ပူးဟာ အဗန်ဂျာအဖွဲ့ထဲကို ဝင်ဖို့ကြိုးစားပေမဲ့ မအောင်မြင်တာရယ်၊ စော်နဲ့ ပြတ်တာရယ်ကြောင့် စိတ်ဓာတ်ကျပြီးကားအရောင်းစာရေးပဲ လုပ်နေတော့တာပါ။ဒါပေမဲ့ တစ်နေ့မှာတော့ အချိန်စီးကြောင်းကွဲထွက်တာတွေကို ထိန်းချုပ်တဲ့ TVA ဆိုတဲ့အဖွဲ့က လာဖမ်းသွားပါတယ်။အဓိက အကြောင်းရင်းကတော့ ဒက်ပူးရဲ့ စကြဝဠာက ပျက်စီးတော့မှာဖြစ်လို့ဒက်ပူးကို ပျက်စီးတဲ့အထဲ မပါအောင် သူတို့အေးဂျင့်အဖြစ်ခိုင်းလို့ရအောင် ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ဒါပေမဲ့ စကြဝဠာကို မပျက်စီးအောင် ကယ်ဖို့ ဝူးဗရင်းရဲ့ အကူအညီနဲ့ ဖြစ်နိုင်တယ်ဆိုတာ သိလိုက်ရတဲ့အခါစကြဝဠာပေါင်းစုံကို ခြေဆန့်ပြီး ဝူးဗရင်းတစ်ယောက်ကိုရှာပါတော့တယ်။နောက်ပိုင်းမှာတော့ ဝူးဗရင်းနဲ့ဒက်ပူး နှစ်ယောက်သား အချင်းချင်းချလိုက်၊ စွန့်စားခန်းတွေဖွင့်လိုက်ဖြစ်နေတာကို ဆက်ကြည့်ရုံပါပဲ။ဒီရုပ်ရှင်မှာ အရင်ရုပ်ရှင်တွေထဲက နာမည်ကြီး ဇာတ်ကောင်တွေကို ဧည့်သည်အဖြစ်ထည့်ပြီးဟာသတွေလုပ်ထားတာမို့ရယ်လည်းရယ်ရ ကြည့်လို့လည်း ကောင်းပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။Movie Linkhttps://t.me/mmsubmovie2024/94
အမျက်ဒေါသတို့ရဲ့လမ်းဆုံး 2024 Movie Linkhttps://t.me/cnhkmovie/433
Project Silence (2023) မင်းသားကြီး Lee Sun Kyun, Ju Ji Hoon, Kim Hee Wonတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်လှုပ်ရှားစရာ အက်ရှင်နဲ့ လျှို့ဝှက်ဆန်းကြယ်ဆန်ဆန် ရုပ်ရှင်ကားတစ်ခုဖြစ်တဲ့ Project Silence ကို မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းအညွှန်းလေးကတော့ တောင်ကိုးရီးယားနိုင်ငံမှာ ဆိုးဝါးတဲ့ရာသီဥတုအခြေအနေကြောင့် လေဆိပ်ကို သွားတဲ့တံတားမှာ လူတွေပိတ်မိနေကြပါတယ် အဲဒီအထဲမှာမှ Cha Jung Wonဆိုတဲ့သူလည်း သမီးဖြစ်သူနဲ့ တံတားပေါ်မှာ ပိတ်မိနေပါတယ် အဲဒီလိုအခြေအနေထဲမှာပဲ တံတားပေါ်မှာ မြူဆိုင်းမှုကြောင့် မတော်တဆမှုတွေ ပြိုလဲကျတာတွေကြောင့် တံတားပေါ်က လူတွေအားလုံး အသက်ဘေးနဲ့ကြုံတွေ့နေရတဲ့အချိန်မှာ စစ်တပ်ဘက်က သုတေသနပြုစမ်းသပ်နေတဲ့Project Silence အောက်မှာရှိတဲ့ သန္ဓေပြောင်းခွေးတွေက လွတ်မြောက်လာပါတယ် အဲဒီခွေးကြီးတွေက အသက်ရှင်ကျန်ရစ်သူတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်လာတာကြောင့်မလို့ အခြေအနေတွေက ထိန်းချုပ်မရဖြစ်လာပါတော့တယ်။ အဲဒီလိုအခြေအနေမှာ ဘယ်လိုမျိုးCha Jung Wonတို့သားအဖနဲ့ တံတားပေါ်ကလူတွေ ဘယ်လိုရင်ဆိုင်ကြမလဲ အဲဒီခွေးတွေရဲ့ဇာစ်မြစ်နဲ့ စမ်းသပ်မှုနောက်ကွယ်က အကြောင်းအရာတွေက ဘာတွေဖြစ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အတူတူစီးမြောကြည့်ရှုလိုက်ကြရအောင်ပါနော် Movie Linkhttps://t.me/kimchimmsub/46
Telegram Channel Link information
Country 🇮🇳 India
Language Tamil
Type Telegram Channel Link
Subscribers 79
Rate this group

How would you rate this community?

0.0 ★ Join Group →