Telegram
Telegram Channel Link
Japanese speaking (kaiwa) Telegram Channel Link
👁
4
views
↗
1
joins
About this telegram channel link
Let's explore something special for you together
Telegram Channel
Latest public posts from this Telegram channel.
488
subscribers
03 Oct 2026
latest post
Anime ကြည့်တာက ဂျပန်စကားပြောကို တကယ်တိုးတက်စေနိုင်လား။ Anime ကြည့်တာတစ်ခုတည်းနဲ့ ဂျပန်စကားပြော တန်းပြီးတိုးတက်လာတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နည်းမှန်မှန်သုံးရင် Listening နဲ့ Speaking အတွက် အရမ်းအသုံးဝင်ပါတယ်။🇯🇵 Anime ကြည့်ပြီး ဂျပန်စကားပြောတိုးတက်စေမယ့် နည်းလမ်း ၃ ခု① ကြည့်ရုံမကြည့်ဘဲ “Shadowing” လုပ်ပါ ဇာတ်ကောင်ပြောတဲ့ စာကြောင်းကို နားထောင်ပြီး ခဏရပ် → ကိုယ်တိုင်လိုက်ပြောပါ။ဥပမာ—> ちょっと待(ま)って!ခဏစောင့်ဦး!ကြားပြီးတာနဲ့ အသံ၊ အမြန်နှုန်း၊ intonation ကို လိုက်တုပြောပါ။② ကြိုက်တဲ့ စာကြောင်းတွေကို “Speaking Phrases” အဖြစ်စုပါ 📝တစ်ပိုင်းမှာ စာကြောင်း 3–5 ကြောင်းလောက်ပဲ ရွေးပါ။ဥပမာ—本当(ほんとう)?တကယ်လား။どういう意味(いみ)?ဘာအဓိပ္ပာယ်လဲ။ちょっと待(ま)って。ခဏစောင့်ဦး။ပြီးရင် Anime ထဲမှာကြားတာနဲ့ မပြီးဘဲ ကိုယ့်နေ့စဉ်ဘဝမှာ သုံးကြည့်ပါ။③ ဇာတ်ကွက်၊ဇာတ်ေကြာင်းကို ကိုယ့်စကားနဲ့ ပြန်ပြောပါ 🎤Episode တစ်ပိုင်းကြည့်ပြီး⛩️⛩️ 「今日(きょう)は何(なに)がありましたか。」ကိုယ့်ကိုယ်ကို မေးပြီး Japanese နဲ့ ပြန်ပြောပါ။ဥပမာ 今日(きょう)は〇〇さんが学校(がっこう)へ行(い)きました。友達(ともだち)と話(はな)しました。そのあと、〇〇が起(お)こりました。ဒီအဆင့်က Speaking တိုးတက်ဖို့ အရေးကြီးဆုံးပါ။Anime ကို အပန်းဖြေစရာအေနနဲ့ ကြည့်တဲ့အရာ အဖြစ်ပဲမထားဘဲ နားထောင် → လိုက်ပြော → အသုံးချ → ပြန်ပြော ဆိုတဲ့ cycle လုပ်ပါ။👉 Anime 30 မိနစ်ကြည့်တာထက် 10 မိနစ်ကြည့်ပြီး 10 မိနစ်လိုက်ပြောတာက Speaking အတွက် ပိုထိရောက်ပါတယ်။ဂျပန်စကားပြောလေ့ကျင့်ဖို့ဆိုရင် စကားပြောတာများပြီး နေ့စဉ်ဘဝသုံး Japanese ပါတဲ့ Anime တွေကိုရွေးတာ ပိုကောင်းပါတယ်။🇯🇵 Beginner–Intermediate အတွက် Recommended Anime⛩️ちびまる子(こ)ちゃん→ နေ့စဉ်ဘဝ၊ ကျောင်း၊ မိသားစုအကြောင်း စကားပြောတာများလို့ Beginner အတွက်ကောင်းပါတယ်။⛩️ドラえもん→ နေ့စဉ်သုံးစကားလုံးနဲ့ ရိုးရှင်းတဲ့ conversation တွေ လေ့လာလို့ကောင်းပါတယ်။⛩️あたしンち→ မိသားစုနဲ့ နေ့စဉ်ဘဝမှာသုံးတဲ့ Japanese ကို လေ့လာဖို့ အရမ်းကောင်းပါတယ်။⛩️クレヨンしんちゃん→ Casual Japanese၊ reaction နဲ့ everyday expressions တွေ အများကြီးရပါတယ်။⚠️ တချို့စကားတွေက အရမ်း casual ဖြစ်လို့ တကယ့်ဘဝမှာ သုံးတဲ့အခါ အခြေအနေကို သတိထားပါ။⛩️君(きみ)に届(とど)け→ ကျောင်း၊ သူငယ်ချင်း၊ social conversation တွေ လေ့လာဖို့ကောင်းပါတယ်။⭐ Speaking အတွက် အထူးရွေးမယ်ဆိုရင်Beginner:🥇 ドラえもん🥈 ちびまる子ちゃん🥉 あたしンちN4–N3:🥇 君に届け🥈 あたしンち🥉 クレヨンしんちゃんအရေးကြီးတာက Anime ကို “ကြည့်ပြီးပြီး” ဆိုပြီးဒီတိုင်း မထားပါနဲ့။Episode တစ်ပိုင်းကနေ စာကြောင်း 3–5 ကြောင်းရွေး → Shadowing လုပ် → ကိုယ်ပိုင် sentence အသစ်ပြန်လုပ် ပါ။ ဒီလိုလုပ်မှ Speaking မှာ တကယ်အသုံးဝင်လာပါလိမ့်မယ်။
🇯🇵 တစ်ယောက်တည်းနေရင်တောင် Japanese Self-Talk လုပ်နိုင်တဲ့ နည်းလမ်း ၅ မျိုး① လက်ရှိလုပ်နေတဲ့အရာကို Japanese လို ပြောပါ ⛩️「今(いま)、何(なに)をしている?」ကိုယ်လုပ်နေတဲ့အရာကို ချက်ချင်း Japanese လို ပြောပါ။「今(いま)、ご飯(はん)を食(た)べています。」→ အခု ထမင်းစားနေတယ်။「お茶(ちゃ)を飲(の)んでいます。」→ လက်ဖက်ရည်သောက်နေတယ်။「これから勉強(べんきょう)します。」→ အခုကစပြီး စာလေ့လာမယ်။👉 ရည်ရွယ်ချက်: ဦးနှောက်က မြန်မာလိုစဉ်းစားပြီးမှ Japanese လို ဘာသာပြန်တဲ့အကျင့်ကို လျှော့ချရန်။② ကိုယ့်ကိုယ်ကို မေးခွန်းမေးပြီး ကိုယ်တိုင်ဖြေပါ ⛩️「自分(じぶん)に質問(しつもん)する」တစ်ယောက်တည်းရှိလည်း conversation လို လေ့ကျင့်နိုင်ပါတယ်။⛩️Q: 「今日(きょう)は何(なに)をしましたか。」A: 「朝(あさ)、日本語(にほんご)を勉強(べんきょう)しました。」⛩️Q: 「明日(あした)は何(なに)をしますか。A: 「友達(ともだち)と会(あ)います。」မေးခွန်း ၅ ခု → အဖြေ ၅ ခုကို နေ့တိုင်းလုပ်ပါ။③ အရာဝတ္ထုတွေကို ကြည့်ပြီး Japanese လို ဖော်ပြပါ 「見(み)たものを説明(せつめい)する」အခန်းထဲမှာရှိတဲ့ အရာတွေကို ကြည့်ပြီး Japanese လို ပြောပါ။⛩️「これは私(わたし)のスマホです。」「机(つくえ)の上(うえ)に本(ほん)があります。」「窓(まど)の近(ちか)くに椅子(いす)があります。」နောက်ပိုင်းမှာ အရောင်၊ အရွယ်အစား၊ နေရာ၊ လုပ်ဆောင်ချက် တွေ ထပ်ထည့်ပါ။「この本(ほん)は新(あたら)しくて、面白(おもしろ)そうです。」④ ဒီနေ့ဖြစ်ခဲ့တာကို Japanese လို ပြန်ပြောပါ 「今日(きょう)の出来事(できごと)」ညအိပ်ခါနီး ဒီနေ့ကို 1–2 မိနစ်အတွင်း Japanese လို ပြန်ပြောပါ။「今日(きょう)は7時(しちじ)に起(お)きました。」「朝(あさ)ご飯(はん)を食(た)べてから、勉強(べんきょう)しました。」「午後(ごご)は少(すこ)し疲(つか)れました。」👉 Grammar မပြည့်စုံလည်း ရပါတယ်။ ဖြစ်ရပ်တွေကို ဆက်တိုက်ပြောနိုင်ဖို့ အာရုံစိုက်ပါ။⑤ 「場面(ばめん)を想像(そうぞう)する」တကယ်လူနဲ့တွေ့နေသလို အခြေအနေတစ်ခုကို စိတ်ကူးပြီး ပြောပါ။ဥပမာ — Restaurant「すみません。これをお願(ねが)いします。」ဥပမာ — သူငယ်ချင်းနဲ့တွေ့တဲ့အခါ「久(ひさ)しぶりですね。元気(げんき)でしたか。」ဥပမာ — ဆရာက မေးတဲ့အခါ「はい、分(わ)かりました。」👉 Situation → Japanese sentence → အသံထွက်ပြော ဆိုတဲ့ပုံစံနဲ့ လေ့ကျင့်ပါ။⑥ နေ့တိုင်း အကြောင်းအရာတစ်ခု၊ ခေါင်းစဉ်တစ်ခုကို ရွေးပြီး “ကျွန်တော်/ကျွန်မ ဘယ်လိုထင်လဲ + ဘာကြောင့်လဲ” ဆိုတာ ပြောပါ။ကိုယ့်အမြင်နဲ့ အကြောင်းပြချက်ကို Japanese လို ပြောပါ 「自分(じぶん)の意見(いけん)を話(はな)す」ဥပမာ — ⛩️⛩️⛩️日本語(にほんご)の勉強(べんきょう)「日本語(にほんご)は難(むずか)しいと思(おも)います。でも、面白(おもしろ)いです。いろいろな日本語(にほんご)を話(はな)せるようになりたいからです。」→ ဂျပန်စာက ခက်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဂျပန်စကားအမျိုးမျိုး ပြောနိုင်လာချင်လို့ပါ။လေ့ကျင့်ပုံ:Topic → Opinion → Reason → Example「私は~と思います。」「なぜなら、~からです。」「例えば、~。」ဒီနည်းလမ်းက စကားလုံးတစ်လုံးချင်းစဉ်းစားတာထက် Japanese လို အတွေးကို ဆက်တိုက်ဖော်ပြနိုင်အောင် ကူညီပေးပါတယ်။私 လည်း ဒီနည်းလမ်းနဲ့ နေ့တိုင်းလေ့ကျင့်လေ့ရှိပါတယ်။ တကယ်အဆင်ပြေပါတယ်။ အနှစ်ချုပ်ရရင်🇯🇵 Japanese Self-Talk လေ့ကျင့်နည်း ၆ မျိုး⛩️လက်ရှိလုပ်နေတဲ့အရာကို ပြောပါ「今(いま)、何(なに)をしている?」⛩️ကိုယ့်ကိုယ်ကို မေးခွန်းမေးပြီး ကိုယ်တိုင်ဖြေပါ「自分(じぶん)に質問(しつもん)する」⛩️မြင်တွေ့ရတဲ့ အရာတွေကို Japanese လို ဖော်ပြပါ「見(み)たものを説明(せつめい)する」⛩️ဒီနေ့ဖြစ်ခဲ့တာတွေကို ပြန်ပြောပါ「今日(きょう)の出来事(できごと)」⛩️အခြေအနေတစ်ခုကို စိတ်ကူးပြီး Role-play လုပ်ပါ「場面(ばめん)を想像(そうぞう)する」⛩️အကြောင်းအရာတစ်ခုရွေးပြီး ကိုယ့်အမြင် + အကြောင်းပြချက်ကို ပြောပါ「自分(じぶん)の意見(いけん)を話(はな)す」အရေးကြီးဆုံးက စာကြောင်းမှန်အောင် စဉ်းစားနေရင်း တိတ်မနေပါနဲ့။ “မှားလည်း ပြောမယ်” ဆိုတဲ့အကျင့်က ဂျပန်စကားပြောကို တိုးတက်စေပါတယ်။
Tips for Speaking 🍀🍀🍀ဂျပန်စာလေ့လာသူတော်တော်များများဟာ တစ်ယောက်ယောက်က ဂျပန်လို မေးခွန်းမေးလိုက်တဲ့အခါ အဖြေကို သိပေမယ့် ချက်ချင်းမပြောနိုင်တာမျိုး ဖြစ်တတ်ကြပါတယ်။「日本語(にほんご)が話(はな)せない」 ကြောင့် မဟုတ်ဘဲ အများအားဖြင့် ဦးနှောက်ထဲမှာ မြန်မာလို/မိခင်ဘာသာစကားလို စဉ်းစား → ဂျပန်လို ဘာသာပြန် → Grammar စစ် → မှန်မမှန်စဉ်းစား → ပြော နေတာကြောင့် အချိန်ကြာသွားတာပါ။ဥပမာ質問(しつもん):⛩️「週末(しゅうまつ)は何(なに)をしましたか。」အဖြေကို သိပေမယ့် “Weekend မှာ ဘာလုပ်ခဲ့လဲ… Japanese လို ဘယ်လိုပြောရမလဲ… အတိတ်ပုံစံကို သုံးရမလား…”လို့ စဉ်းစားနေရင်း ဖြေဖို့တိတ်သွားတာ ဖြစ်နိုင်ပါတယ်။💡 ဒီပြဿနာကို ဖြေရှင်းဖို့ လက်တွေ့ကျတဲ့နည်းလမ်း ၅ ခု ရှိပါတယ်။ ① အဖြေကို ဘာသာပြန်မနေဘဲ Japanese pattern နဲ့ တိုက်ရိုက်လေ့ကျင့်ပါ⛩️「週末(しゅうまつ)は何(なに)をしましたか。」→ 「映画(えいが)を見(み)ました。」⛩️「昨日(きのう)は何(なに)をしましたか。」→ 「友達(ともだち)とご飯(はん)を食(た)べました。」မေးခွန်းတစ်ခုချင်းစီကို အဖြေ pattern တစ်ခုနဲ့ ချက်ချင်း ချိတ်ဆက် လေ့ကျင့်ပါ။② Perfect sentence (ပြီးပြည့်စုံတဲ့အဖြေ) ဖြစ်အောင် မစောင့်ပါနဲ့မှားမှာကြောက်လို့ မပြောတာထက် ရိုးရိုးရှင်းရှင်းနဲ့ အရင်စပြောပါ။⛩️「どうして日本語(にほんご)を勉強(べんきょう)していますか。」အရှည်ကြီးစဉ်းစားမနေဘဲ—→ 「日本(にほん)で働(はたら)きたいからです。」ဒါမှမဟုတ်—→ 「日本語(にほんご)が好(す)きだからです。」Short answer (အဖြေတို)→ နောက်မှ detail (အသေးစိတ်) ထပ်ထည့်ခြင်း ဆိုတဲ့အကျင့်လုပ်ပါ။③ 3-Second Speaking Practice လုပ်ပါမေးခွန်းကြားပြီး 3 စက္ကန့်အတွင်း စပြောရမယ် ဆိုတဲ့ စည်းမျဉ်းထားပါ။⛩️「趣味(しゅみ)は何(なん)ですか。」3… 2… 1…→ 「音楽(おんがく)を聞(き)くことです。」အစမှာ အဖြေမပြည့်စုံလည်း ရပါတယ်။ရည်ရွယ်ချက်က “စဉ်းစားပြီးမှပြော” ကနေ “ေမးခွန်းကြားတာနဲ့ပြော” ဖြစ်လာဖို့ပါ။④ တစ်ယောက်တည်းနေရင်တောင် Japanese Self-Talk လုပ်ပါနေ့စဉ်လုပ်နေတဲ့အရာတွေကို Japanese လို ကိုယ့်ဘာသာပြောကြည့်ပါ။⛩️「今(いま)、ご飯(はん)を食(た)べています。」「これから勉強(べんきょう)します。」「ちょっと疲(つか)れました。」ဒီလိုလေ့ကျင့်တာက Japanese → Japanese တွေးတတ်လာဖို့ကို တဖြည်းဖြည်း တည်ဆောက်ပေးပါတယ်။⑤ “မသိရင်လည်း ပြောနိုင်တဲ့ စကားလုံး” တွေကို လေ့ကျင့်ပါချက်ချင်းအဖြေမရတဲ့အခါ တိတ်မနေဘဲ—「えっと……」→ ဟို… / အင်း…「そうですね……」→ ဟုတ်ကဲ့… ဘယ်လိုပြောရမလဲ…「ちょっと考(かんが)えます。」→ နည်းနည်းစဉ်းစားပါရစေ။「もう一度(いちど)お願(ねが)いします。」→ တစ်ခါထပ်ပြောပေးပါ။ဒီလို conversation survival phrases တွေကို ကျွမ်းကျင်အောင်လုပ်ထားရင် စကားပြောတဲ့အချိန်မှာ “တိတ်သွားတာ” ကို အများကြီးလျှော့ချနိုင်ပါတယ်။⭐ အဓိကမှတ်ထားရမယ့်အချက်「日本語(にほんご)を知(し)っている」≠「日本語(にほんご)がすぐ話(はな)せる」ဂျပန်စာကို သိတာနဲ့ ချက်ချင်းပြောနိုင်တာက မတူပါဘူး။Knowledge → Practice → Automatic Responseဆိုတဲ့အဆင့်နဲ့ သွားရပါတယ်။✨✨✨အထူးသဖြင့် “အဖြေမှန်မှ ပြောမယ်” ဆိုတဲ့အတွေးကို လျှော့ပြီး “အရင်ဆုံး စပြောမယ်” ဆိုတဲ့အလေ့အကျင့်ကို တည်ဆောက်တာက အရေးကြီးဆုံးပါ။ဒါဆို ဒီနည်းလမ်းလေးတွေကို လက်တွေ့အသုံးချပြီး စကားပြောလေးကို လေ့ကျင့်ကြည့်ကြပါနော်။ ⛩️⛩️⛩️ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ စကားပြောဖော်ေလးေတွနဲ့ အတူတူလေ့ကျင့်ချင်တယ်ဆိုလည်း မနက်ဖြန် စတော့မယ့် စကားေပြာအတန်းလေး လာအပ်လို့ရပါသေးတယ်။ အတန်းအသေးစိတ်လေးကတော့ N4 A2/B1 KAIWA Class for October သင်တန်းချိန် - စနေ၊တနင်္ဂနွေ (7-9 pm)သင်တန်းကာလ - တစ်လသင်တန်းကြေး - ငါးသောင်းကျပ်သင်တန်းစမည့်ရက်- 3.10.2026 ( စနေနေ့)စိတ်ဝင်စားပါက ဒီ telegram link @Hinode510 လေးမှာ🌟အတန်းအမည်၊🌟အမည်🌟ဖုန်းနံပါတ် 🌟Email 🌟Fb acc🌟နေရပ်လိပ်စာ တို့ ပို့ပေးပြီး အတန်းလာအပ်လို့ရပါပြီ
N4 A2/B1 KAIWA Class for October သင်တန်းချိန် - စနေ၊တနင်္ဂနွေ (7-9 pm)သင်တန်းကာလ - တစ်လသင်တန်းကြေး - ငါးသောင်းကျပ်သင်တန်းစမည့်ရက်- 3.10.2026 ( စနေနေ့)စိတ်ဝင်စားပါက ဒီ telegram link @Hinode510 လေးမှာ🌟အတန်းအမည်၊🌟အမည်🌟ဖုန်းနံပါတ် 🌟Email 🌟Fb acc🌟နေရပ်လိပ်စာ တို့ ပို့ပေးပြီး အတန်းလာအပ်လို့ရပါပြီ
Basic + N5 Intensive Video Class Video class လေးပါ။ သင်ခန်းစာတင်မည့်ရက် - သောကြာ၊ စနေ၊ တနင်္ဂနွေ8:00 pmသင်တန်းကာလ - ၂လခွဲသင်တန်းကြေး - 150000 MMK Rules for this class⛩️တစ်ပတ်စာ အိမ်စာကို တစ်ပတ် အပြီးထပ်ပေးရပါမည်။ (အိမ်စာကို သုံးကြိမ်သာ ခွင့်ဖြင့် ပျက်ခွင့်ရှိပါမည်။) ⛩️တစ်ပတ်ခြား တစ်ခါ သောကြာနေ့ ည7ခွဲတွင် စာမေးစာဖြေလုပ်ရန် zoom meeting ရှိပါမည်။ (Zoom ခေါ်သည်ကို သုံးကြိမ်သာ ခွင့်ဖြင့် ပျက်ခွင့်ရှိပါမည်။) 🍀Basic + N5 level grammar, kanji, vocabulary, listening, reading များ အပြင် N5 speaking activities တွေပါ ပူးတွဲလုပ်ရမှာမို့ စိတ်ဝင်စားပါက ဒီ telegram link @Hinode510 လေးမှာ🌟အတန်းအမည်၊🌟အမည်🌟ဖုန်းနံပါတ် 🌟Email 🌟Fb acc🌟နေရပ်လိပ်စာ တို့ ပို့ပေးပြီး အတန်းလာအပ်လို့ရပါပြီ။2.10.2026 (သောကြာနေ့) အတန်းလေး စမှာဖြစ်ပါတယ်။
愛していると言って!(あいしているといって)ချစ်တယ်လို့သာပြောလိုက်ပါ။その言葉さえを聞けたら、(そのことばさえをきけたら、)အဲ့စကားလေးသာ ကြားရမယ်ဆိုရင်この先(このさき)အခုကစပြီး တစ်ဘဝလုံးそれを頼りに(それをたよりに)အဲ့ဒီစကားလေးကို ယုံကြည်အားကိုးပြီး生きていくから!(いきていくから)အသက်ရှင်သွားမှာမို့လို့ပါ။စာလုပ်ေနရင်း ro မိသည်။
Useful for Speaking Japanese ဘာလို့လဲဆိုတော့ ၊ အကြောင်းရင်းကတော့⛩️なぜなら⛩️なぜかというと⛩️どうしてかというと⛩️だって① なぜなら — “ဘာလို့လဲဆိုတော့ / အကြောင်းကတော့”ပုံစံ A。なぜなら、Bからです。A။ ဘာလို့လဲဆိုတော့ B ဖြစ်လို့ပါ။1. 私(わたし)は日本(にほん)へ行(い)きたいです。なぜなら、日本(にほん)の文化(ぶんか)に興味(きょうみ)があるからです。→ ကျွန်တော်/ကျွန်မ ဂျပန်ကို သွားချင်တယ်။ ဘာလို့လဲဆိုတော့ ဂျပန်ယဉ်ကျေးမှုကို စိတ်ဝင်စားလို့ပါ။2. この仕事(しごと)が好(す)きです。なぜなら、人(ひと)と話(はな)すことが楽(たの)しいからです。→ ဒီအလုပ်ကို ကြိုက်တယ်။ ဘာလို့လဲဆိုတော့ လူတွေနဲ့ စကားပြောရတာ ပျော်စရာကောင်းလို့ပါ။3. 毎日(まいにち)日本語(にほんご)を勉強(べんきょう)しています。なぜなら、上手(じょうず)になりたいからです。→ နေ့တိုင်း ဂျပန်စာလေ့လာတယ်။ ဘာလို့လဲဆိုတော့ ကျွမ်းကျင်လာချင်လို့ပါ။② なぜかというと — “ဘာလို့လဲဆိုတော့ / အကြောင်းပြချက်ကတော့”なぜなら ထက် စကားပြောရာမှာ သဘာဝကျပြီး အကြောင်းပြချက်ကို ဆက်ရှင်းပြတဲ့အခါ အသုံးများပါတယ်။1. 私(わたし)は朝(あさ)早(はや)く起(お)きるのが好(す)きです。なぜかというと、朝(あさ)は静(しず)かだからです。→ မနက်စောစောထရတာ ကြိုက်တယ်။ ဘာလို့လဲဆိုတော့ မနက်ဆို တိတ်ဆိတ်လို့ပါ။2. 電車(でんしゃ)で学校(がっこう)へ行(い)きます。なぜかというと、学校(がっこう)が駅(えき)の近(ちか)くにあるからです。→ ရထားနဲ့ ကျောင်းသွားတယ်။ ဘာလို့လဲဆိုတော့ ကျောင်းက ဘူတာနားမှာရှိလို့ပါ။3. 日本語(にほんご)をもっと話(はな)したいです。なぜかというと、日本人(にほんじん)と自然(しぜん)に話(はな)したいからです。→ ဂျပန်စကားကို ပိုပြောချင်တယ်။ ဘာလို့လဲဆိုတော့ ဂျပန်လူတွေနဲ့ သဘာဝကျကျ ပြောချင်လို့ပါ။③ どうしてかというと — “ဘာကြောင့်လဲဆိုတော့”どうしてかというと = “ဘာကြောင့်လဲဆိုတော့…”အကြောင်းပြချက်ကို အထူးရှင်းပြချင်တဲ့အခါ သုံးနိုင်ပါတယ်။1. この店(みせ)によく来(き)ます。どうしてかというと、料理(りょうり)がおいしいからです。→ ဒီဆိုင်ကို မကြာခဏလာတယ်။ ဘာကြောင့်လဲဆိုတော့ အစားအစာက အရသာရှိလို့ပါ။2. 日本(にほん)で働(はたら)きたいです。どうしてかというと、日本語(にほんご)を使(つか)って仕事(しごと)がしたいからです。→ ဂျပန်မှာ အလုပ်လုပ်ချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဂျပန်စာကို အသုံးပြုပြီး အလုပ်လုပ်ချင်လို့ပါ။3. この本(ほん)をおすすめします。どうしてかというと、分(わ)かりやすくて面白(おもしろ)いからです。→ ဒီစာအုပ်ကို အကြံပြုချင်တယ်။ ဘာကြောင့်လဲဆိုတော့ နားလည်ရလွယ်ပြီး စိတ်ဝင်စားစရာကောင်းလို့ပါ။④ だって — “ဘာလို့လဲဆိုတော့ / အကြောင်းကတော့”だって က စကားပြောပုံစံ (casual) ဖြစ်ပြီး သူငယ်ချင်းတွေကြားမှာ အများကြီးသုံးပါတယ်။1. A:どうして行(い)かないの?B:だって、疲(つか)れているんだもん。→ A: ဘာလို့ မသွားတာလဲ။→ B: ဘာလို့လဲဆိုတော့ ပင်ပန်းနေလို့လေ။2. A:どうして宿題(しゅくだい)をしないの?B:だって、難(むずか)しいんだもん。→ A: ဘာလို့ အိမ်စာမလုပ်တာလဲ။→ B: ဘာလို့လဲဆိုတော့ ခက်တယ်လေ။3. A:どうしてこの映画(えいが)が好(す)きなの?B:だって、面白(おもしろ)いんだもん。→ A: ဘာလို့ ဒီရုပ်ရှင်ကို ကြိုက်တာလဲ။→ B: ဘာလို့လဲဆိုတော့ စိတ်ဝင်စားစရာကောင်းတယ်လေ။အရေးကြီးတဲ့ Pattern:A。なぜなら、Bからです。A。なぜかというと、Bからです。A。どうしてかというと、Bからです。だって、Bんだもん。
Vocabulary of the day⛩️汚職事件おしょくじけんအကျင့်ပျက်ခြစားမှု⛩️マスコミသတင်းမီဒီယာ⛩️睡眠剤すいみんざいအိပ်ဆေး
N4 Grammar Intensive Class လေးရဲ့ သင်ခန်းစာ plan လေးပါ။ဒီအတန်းမှာ လေ့ကျင့်တာတစ်ခုတည်းမဟုတ်ဘဲ Grammar တွေကို တစ်ခေါက် ရှင်းပြပြီး၊ ပြန်နွှေးပြီးမှ လေ့ကျင့်ခန်းတွေ လုပ်ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် N4 grammar မကြေသေးဘူးလို့ခံစားနေရသူတွေလည်း စာတူတူပြန်ကြည့်ရင်း လာ join လို့ရပါတယ်။အတန်း သင်ကြားမှုအစီအစဉ်ကတော့ ပထမတစ်လမှာ1. Shinkanzen Grammar ကိုအသုံးပြုပြီး Grammar လေးတွေ ပြန်လေ့လာကြပါမယ်။ ပြီးရင် လေ့ကျင့်ခန်းတွေလုပ်ကြမယ်။ 2. 500文字語彙စာအုပ်နဲ့ JLPT မှာမေးနိုင်မယ့် N5/N4 grammar လေးတွေလေ့ကျင့်ကြမှာဖြစ်ပါတယ်။ ဒုတိလလမှာတော့ 合格できる စာအုပ်နဲ့ grammar တွေကို အချိန်မှတ်ပြီး လေ့ကျင့်ကြည့်ကြပါမယ်။ရောနေတာ၊မှားနေတာတွေကို ပြန်ရှင်းပြတာ၊ ပြန်လေ့လာတာတွေလုပ်ကြပါမယ်။Grammar တင်မဟုတ်ဘဲ တခြားအပိုင်းတွေပါ လေ့ကျင့်ကြည့်ကြမှာဖြစ်ပါတယ်။ နောက်ဆုံး 3 ရက်မှာတော့ OQ သုံးစုံ လေ့ကျင့်ကြည့်ပါမယ်ဗျ။ ဒါဆို ဒီအတန်းလေးနဲ့ လေ့ကျင့်ချင်သူတွေက ဒီ telegram link @Hinode510 လေးမှာ🌟Join ချင်တဲ့ အတန်းလေး၊🌟အမည်🌟ဖုန်းနံပါတ် 🌟Email 🌟Fb acc🌟နေရပ်လိပ်စာ တို့ ပို့ပေးပြီး အတန်းလာအပ်လို့ရပါပြီ။Edit:အချိန်ကို7-9 pmပြောင်းထားပါတယ်။
Hello. Class Announcement for October ⛩️Basic + N5 Intensive Class လေးက 2.10.2026(သောကြာနေ့) တွင် အတန်းစပါမည်။🍀N4 Grammar Intensive Class for DECEMBER JLPT လေးက 5.10.2026(တနင်္လာနေ့) တွင် အတန်းစပါမည်။Group Class ဆိုပေမယ့် အများဆုံး 10 ယောက်သာ လက်ခံသွားပါမှာဖြစ်ပါတယ်။ဒါဆိုရင် အတန်းလေးေတွကို စိတ်ဝင်စားသူတွေက ဒီ telegram link @Hinode510 လေးမှာ🌟Join ချင်တဲ့ အတန်းလေး၊🌟အမည်🌟ဖုန်းနံပါတ် 🌟Email 🌟Fb acc🌟နေရပ်လိပ်စာ တို့ ပို့ပေးပြီး အတန်းလာအပ်လို့ရပါပြီနော်။
Vocabulary of the dayもも(桃・もも) မှာ အဓိပ္ပါယ် ၂ မျိုးရှိပါတယ်။1. 桃(もも) 🍑 — မက်မွန်သီး桃(もも)を食(た)べます。မက်မွန်သီး စားတယ်။2. もも(腿・もも) — ပေါင် / ခြေထောက်အပေါ်ပိုင်းももが痛(いた)いです。ပေါင်နာတယ်။
⛩️Basic + N5 Intensive Class နဲ့⛩️N4 Intensive Class နှစ်ခုထဲက တစ်ခု နဲ့🍀N5 Grammar Intesive Class For December JLPT နဲ့🍀N4 Grammar Intesive Class For December JLPT တို့ နှစ်ခုထဲက တစ်ခုစုစုပေါင်း အတန်း နှစ်တန်းပဲ ရွေးဖွင့်သွားမှာမို့ ကိုယ်တက်ချင်ကြတဲ့ နှစ်တန်းလေး ရွေးပေးကြပါနော်ဗျ။အောက်မှာ အတန်းလေးတွေအကြောင်း အသေးစိတ် ရှင်းပြထားပါတယ်။⛩️ Basic + N5 Intensive Class (Zoom, Group Class ) သင်တန်းချိန် - သောကြာ၊ စနေ၊ တနင်္ဂနွေ (ည 6:30-8:30 pm)သင်တန်းကာလ - ၂လခွဲ သင်တန်းကြေး - 5000 MMK for Basic + 50000 MMK per month Platform - Zoom Class Target Lesson - Basic ( hiragana, katakana) + N5 Level (Grammar, Vocabulary, Kanji, Listening, Reading)Bonus - N5 level Speaking Activities +3 JLPT Old Questions⛩️ N4 Intensive Class (Zoom, Group Class ) သင်တန်းချိန် - သောကြာ၊ စနေ၊ တနင်္ဂနွေ (ည 6:30-8:30 pm)သင်တန်းကာလ - ၂လသင်တန်းကြေး - 55000 MMK per month Platform - Zoom Class Target Lesson - N4 Level (Grammar, Vocabulary, Kanji, Listening, Reading)Bonus - N4 level Speaking Activities + 3 JLPT Old Questions အချိန်အကန့်အသတ်အရ ဒီအတန်းနှစ်ခုထဲက တစ်ခုပဲ ဖွင့်ဖြစ်ပါမယ်ဗျ။🍀N5 Grammar Intesive Class For December JLPT သင်တန်းချိန် - တနင်္လာ၊ အင်္ဂါ (ည 6:30-8:30 pm)သင်တန်းကာလ - ၂လသင်တန်းကြေး - 50000 MMK per month Platform - Zoom Class Target Lesson - N5 Level JLPT Practice for Grammar + Bonus ( 5 FULL JLPT OQ Practice)🍀N4 Grammar Intesive Class For December JLPT သင်တန်းချိန် - တနင်္လာ၊ အင်္ဂါ (ည 6:30-8:30 pm)သင်တန်းကာလ - ၂လသင်တန်းကြေး - 50000 MMK per month Platform - Zoom Class Target Lesson - N4 Level JLPT Practice for Grammar + Bonus ( 5 FULL JLPT OQ Practice)အချိန်အကန့်အသတ်အရ ဒီအတန်းနှစ်ခုထဲက တစ်ခုပဲ ဖွင့်ဖြစ်ပါမယ်ဗျ။အပေါ်က poll ထဲမှာ ကိုယ်တက်ချင်တဲ့ အတန်းနှစ်တန်းကိုရွေးပေးကြပါနော်။ အများဆုံး vote ရတဲ့အတန်းနှစ်တန်းကို ဖွင့်မှာ ဖြစ်ပါတယ်ဗျ။ Poll link ပါဗျ။ https://t.me/kaiwa_practice/705ဒီအပတ် ကြာသပတေးနေ့မှာ အများဆုံး vote ရတဲ့အတန်းနှစ်တန်းကို အတန်းစေလျှာက်ဖို့ ထပ်ေကြညာပေးပါ့မယ်ဗျ။ ဒါ့အပြင် တစ်ယောက်အတန်းလေးတွေ တက်ချင်သူများက နေ့ဘက်အတန်းချိန်လေးတွေ ရပါတယ်။ အတန်းလေးကို စိတ်ဝင်စားသူတွေက ဒီ telegram link @Hinode510 မှာလာစုံစမ်းနိုင်ပါတယ်ဗျ။One on One Classes (တစ်ယောက်တည်း သီးသန့် zoom class များ)⛩️Basic + N5 Intensive Class - ၂ လခွဲ - တစ်ပတ်သုံးရက်(အချိန်ညှိနှိုင်း) - 120000 MMK per Month ⛩️N4 Intensive Class -၂ လ- တစ်ပတ်သုံးရက်(အချိန်ညှိနှိုင်း) - 180000 MMK per Month (Edit: ဈေးနှုန်းလေးပြင်ထားပါတယ်နော်။) 🍀N5 Grammar Intesive Class For December JLPT -၂ လ- တစ်ပတ်နှစ်ရက်(အချိန်ညှိနှိုင်း) - 100000 MMK per Month 🍀N4 Grammar Intesive Class For December JLPT - ၂ လ- တစ်ပတ်နှစ်ရက်(အချိန်ညှိနှိုင်း) - 130000 MMK per Month သင်ကြားမည့်စာတွေကတော့ အပေါ်က group class နဲ့တူတူပါပဲဗျ။ ဒါဆို 2026 မကုန်ခင်လေးမှာ better version of me. ဖြစ်အောင် တူတူကြိုးစားကြရအောင်ဗျ။
September N4 A2/B1 Speaking Class [ZOOM CLASS] လေး ရှိပါတယ်နော်။သင်တန်းရက် - ဗုဒ္ဓဟူး၊ ကြာသပတေးအတန်းချိန် - 7:00 pm-9:00 pm သင်တန်းကာလ - 1 လသင်တန်းကြေး - 50000 MMK ✅အတန်းသင်ရိုးေလးကတော့ irodori+ own curriculum ပါရှင့်။ ✅Listening+ Speaking များများလုပ်ရပါတယ်။ အပတ်တိုင်း presentation ပြောရတာတွေ၊ မေးခွန်းတိုတွေ ဆွေးနွေးရတာ၊ speaking game လေးတွေ ပါပါတယ်။✅Project အနေနဲ့ Presentation video 2 ခု ထပ်ရမှာဖြစ်ပြီး✅သင်တန်းကာလ အတွင်း Tasks တွေ ပြီးမြောက်သူကို certificate လေးလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။မနက်ဖြန် 9.9.2026(ဗုဒ္ဓဟူးနေ့) တွင် အတန်းစပါမည်။ဒါဆိုရင် အတန်းလေးကို စိတ်ဝင်စားသူတွေက ဒီ telegram link @Hinode510 လေးမှာ🌟Join ချင်တဲ့ အတန်းလေး၊🌟အမည်🌟ဖုန်းနံပါတ် 🌟Email 🌟Fb acc🌟နေရပ်လိပ်စာ တို့ ပို့ပေးပါနော်။ဒီနေ့ နောက်ဆုံး အတန်းေလး လာအပ်လို့ရပါသေးတယ်နော်(✷‿✷)
🇯🇵 日本語秋分(しゅうぶん)の日(ひ)は、昼(ひる)と夜(よる)の長(なが)さがほぼ同(おな)じになる時期(じき)の祝日(しゅくじつ)です。自然(しぜん)や先祖(せんぞ)に感謝(かんしゃ)する日(ひ)でもあります。🇲🇲 မြန်မာဘာသာ秋分の日(Shūbun no Hi) သည် နေ့နှင့်ည အချိန်အလျား နီးပါးတူညီသည့် ကာလနှင့် ဆက်စပ်သော အမျိုးသားအားလပ်ရက်ဖြစ်ပါသည်။ သဘာဝနှင့် ဘိုးဘွားများကို ကျေးဇူးတင်ဂုဏ်ပြုသည့်နေ့လည်း ဖြစ်ပါသည်။---10. 中秋(ちゅうしゅう)の名月(めいげつ)Chūshū no Meigetsu – ဆောင်းဦးလပြည့်ည📅 2026年9月25日ごろ人気度:★★★★☆🇯🇵 日本語中秋(ちゅうしゅう)の名月(めいげつ)は、美(うつく)しい月(つき)を楽(たの)しむ日本(にほん)の伝統的(でんとうてき)な行事(ぎょうじ)です。月見(つきみ)をして、お団子(だんご)などを食(た)べることがあります。🇲🇲 မြန်မာဘာသာ中秋の名月 သည် လှပသော ဆောင်းဦးလကို ကြည့်ရှုခံစားသည့် ဂျပန်ရိုးရာအခမ်းအနားဖြစ်ပါသည်။ လူများသည် 月見(つきみ)— လကြည့်ခြင်း ပြုလုပ်ပြီး 団子(だんご) ကဲ့သို့သော အစားအစာများကို စားသုံးလေ့ရှိပါသည်။---⭐ September 2026 တွင် အထူးနာမည်ကြီးသော Events များJapanese Event Popularity大相撲(おおずもう)秋場所(あきばしょ) Sumo Tournament ⭐⭐⭐⭐⭐岸和田(きしわだ)だんじり祭(まつ)り Danjiri Festival ⭐⭐⭐⭐⭐札幌(さっぽろ)オータムフェスト Food Festival ⭐⭐⭐⭐⭐シルバーウィーク Long Holiday ⭐⭐⭐⭐⭐おわら風(かぜ)の盆(ぼん) Traditional Dance Festival ⭐⭐⭐⭐中秋(ちゅうしゅう)の名月(めいげつ) Moon Viewing ⭐⭐⭐⭐烏相撲(からすずもう) Traditional Ritual ⭐⭐စက်တင်ဘာလမှာ ရိုးရာပွဲတော်၊ အစားအသောက်၊ Sumo၊ အားလပ်ရက်၊ လကြည့်ပွဲ စသည့် အမျိုးမျိုးသော Japanese culture ကို လေ့လာနိုင်သော လဖြစ်ပါသည်။
🇯🇵 ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် ဂျပန်၌ ကျင်းပမည့် ပွဲတော်များနှင့် Eventsဂျပန်နိုင်ငံတွင် စက်တင်ဘာလသည် နွေရာသီမှ ဆောင်းဦးသို့ ကူးပြောင်းသည့်ကာလ ဖြစ်သောကြောင့် ရိုးရာပွဲတော်များ၊ အားကစားပွဲများ၊ အစားအသောက်ပွဲများနှင့် အားလပ်ရက်များစွာ ရှိပါသည်။ အောက်တွင် အလွန်နာမည်ကြီးသော ပွဲများနှင့် ဒေသတွင်းတွင် လူသိများသော ပွဲများ ကို Japanese furigana နှင့် Myanmar translation ဖြင့် ဖော်ပြထားပါသည်။ ---1. おわら風(かぜ)の盆(ぼん)Owara Kaze no Bon📍 富山県(とやまけん)・八尾(やつお)📅 9月1日〜3日ごろ人気度:★★★★☆ とても有名(ゆうめい)🇯🇵 日本語おわら風(かぜ)の盆(ぼん)は、富山県(とやまけん)八尾(やつお)で行(おこな)われる伝統的(でんとうてき)なお祭(まつ)りです。人々(ひとびと)は、音楽(おんがく)に合(あ)わせて、静(しず)かで美(うつく)しい踊(おど)りを踊(おど)ります。🇲🇲 မြန်မာဘာသာOwara Kaze no Bon သည် Toyama ခရိုင်၊ Yatsuo ဒေသတွင် ကျင်းပသော ရိုးရာပွဲတော်ဖြစ်ပါသည်။ လူများသည် ဂီတနှင့်အတူ တိတ်ဆိတ်လှပသော ရိုးရာအကများကို ကကြပါသည်။ ထူးခြားသော ရိုးရာပွဲတော်တစ်ခုအဖြစ် လူသိများပါသည်။---2. 角館(かくのだて)祭(まつ)りのやま行事(ぎょうじ)Kakunodate Matsuri no Yama Gyōji📍 秋田県(あきたけん)📅 9月7日〜9日ごろ人気度:★★★☆☆ 地元(じもと)では有名(ゆうめい)🇯🇵 日本語このお祭(まつ)りでは、大(おお)きくて美(うつく)しい山車(だし)が町(まち)の中(なか)を進(すす)みます。地域(ちいき)の伝統(でんとう)を感(かん)じることができるお祭(まつ)りです。🇲🇲 မြန်မာဘာသာဤပွဲတော်တွင် ကြီးမားပြီး လှပသော ရိုးရာအလှယာဉ်များ(山車) ကို မြို့အတွင်း လှည့်လည်သွားလာစေပါသည်။ ဒေသခံရိုးရာယဉ်ကျေးမှုကို ခံစားနိုင်သော ပွဲတော်တစ်ခုဖြစ်ပါသည်။---3. 烏相撲(からすずもう)Karasu Sumo📍 京都(きょうと)・上賀茂神社(かみがもじんじゃ)📅 9月9日ごろ人気度:★★☆☆☆ あまり知ら(し)れていない🇯🇵 日本語烏相撲(からすずもう)は、京都(きょうと)の上賀茂神社(かみがもじんじゃ)で行(おこな)われる珍(めずら)しい伝統行事(でんとうぎょうじ)です。🇲🇲 မြန်မာဘာသာKarasu Sumo သည် Kyoto ရှိ Kamigamo Shrine တွင် ကျင်းပသော ထူးခြားသည့် ရိုးရာအခမ်းအနားတစ်ခုဖြစ်ပါသည်။ နိုင်ငံတကာခရီးသွားများအကြား အလွန်နာမည်ကြီးခြင်းမရှိသော်လည်း ဂျပန်ရိုးရာယဉ်ကျေးမှုအရ အရေးပါသော ပွဲတစ်ခုဖြစ်သည်။---4. 札幌(さっぽろ)オータムフェストSapporo Autumn Fest📍 北海道(ほっかいどう)・札幌(さっぽろ)📅 9月11日〜10月上旬(じょうじゅん)ごろ人気度:★★★★★ とても人気(にんき)がある🇯🇵 日本語札幌(さっぽろ)オータムフェストは、北海道(ほっかいどう)の食(た)べ物(もの)を楽(たの)しむことができる大(おお)きなイベントです。海産物(かいさんぶつ)、ラーメン、肉料理(にくりょうり)など、いろいろな料理(りょうり)があります。🇲🇲 မြန်မာဘာသာSapporo Autumn Fest သည် Hokkaido ဒေသ၏ အစားအသောက်များကို စားသုံးခံစားနိုင်သော နာမည်ကြီး Food Festival ဖြစ်ပါသည်။ ပင်လယ်စာ၊ Ramen နှင့် အသားဟင်းအမျိုးမျိုးကို စားသုံးနိုင်ပါသည်။---5. 大相撲(おおずもう)秋場所(あきばしょ)Grand Sumo Autumn Tournament📍 東京(とうきょう)・両国(りょうごく)📅 9月13日〜27日ごろ人気度:★★★★★ とても有名(ゆうめい)🇯🇵 日本語大相撲(おおずもう)秋場所(あきばしょ)は、東京(とうきょう)で行(おこな)われる大相撲(おおずもう)の大会(たいかい)です。日本(にほん)の伝統的(でんとうてき)なスポーツを見(み)ることができます。🇲🇲 မြန်မာဘာသာGrand Sumo Autumn Tournament သည် Tokyo တွင် ကျင်းပသော Sumo ပြိုင်ပွဲကြီးဖြစ်ပါသည်။ ဂျပန်နိုင်ငံ၏ အရေးကြီးပြီး နာမည်ကြီးသော ရိုးရာအားကစားဖြစ်သည့် Sumo ကို ကြည့်ရှုနိုင်ပါသည်။---6. 敬老(けいろう)の日(ひ)Keirō no Hi – လူကြီးများကို လေးစားဂုဏ်ပြုသောနေ့📅 2026年9月21日(月曜日)📍 日本全国(にほんぜんこく)人気度:★★★★★ 国民的(こくみんてき)な祝日(しゅくじつ)🇯🇵 日本語敬老(けいろう)の日(ひ)は、お年寄(としよ)りを大切(たいせつ)にし、長(なが)い人生(じんせい)に感謝(かんしゃ)する日(ひ)です。家族(かぞく)でおじいさんやおばあさんに感謝(かんしゃ)を伝(つた)える人(ひと)も多(おお)いです。🇲🇲 မြန်မာဘာသာ敬老の日(Keirō no Hi) သည် အသက်ကြီးသူများကို လေးစားဂုဏ်ပြုသော ဂျပန်အမျိုးသားအားလပ်ရက်ဖြစ်ပါသည်။ မိသားစုများက အဘိုးအဘွားများနှင့် အသက်ကြီးသူများကို ကျေးဇူးတင်ကြောင်း ဖော်ပြလေ့ရှိကြပါသည်။---7. 岸和田(きしわだ)だんじり祭(まつ)りKishiwada Danjiri Matsuri📍 大阪府(おおさかふ)・岸和田市(きしわだし)📅 9月19日〜20日ごろ人気度:★★★★★ とても人気(にんき)がある🇯🇵 日本語岸和田(きしわだ)だんじり祭(まつ)りは、大阪(おおさか)の有名(ゆうめい)なお祭(まつ)りです。大(おお)きなだんじりを町(まち)の中(なか)で引(ひ)っぱり、多(おお)くの人(ひと)が参加(さんか)します。🇲🇲 မြန်မာဘာသာKishiwada Danjiri Matsuri သည် Osaka ရှိ အလွန်နာမည်ကြီးသော ရိုးရာပွဲတော်တစ်ခုဖြစ်ပါသည်။ ကြီးမားသော だんじり(ရိုးရာအလှယာဉ်) များကို လူအများက ဆွဲယူကာ မြို့အတွင်း လှည့်လည်ကြပါသည်။---8. シルバーウィークSilver Week📅 2026年9月19日〜23日ごろ📍 日本全国(にほんぜんこく)人気度:★★★★★🇯🇵 日本語シルバーウィークは、9月(くがつ)の祝日(しゅくじつ)が続(つづ)く大型連休(おおがたれんきゅう)です。多(おお)くの人(ひと)が旅行(りょこう)をしたり、家族(かぞく)と過(す)ごしたりします。🇲🇲 မြန်မာဘာသာSilver Week သည် စက်တင်ဘာလတွင် အားလပ်ရက်များ ဆက်တိုက်ကျရောက်သည့် အားလပ်ရက်ရှည်ကာလဖြစ်ပါသည်။ လူအများသည် ခရီးသွားခြင်း၊ မိသားစုနှင့်အတူ အချိန်ဖြုန်းခြင်းတို့ ပြုလုပ်ကြပါသည်။2026 ခုနှစ်တွင် September 19–23 ဝန်းကျင်သည် အားလပ်ရက်ရှည် ဖြစ်လာနိုင်သောကြောင့် အထူးစည်ကားမည်ဟု ခန့်မှန်းထားပါသည်။ ---9. 秋分(しゅうぶん)の日(ひ)Shūbun no Hi – ဆောင်းဦးရာသီ Equinox Day📅 2026年9月23日(水曜日)📍 日本全国(にほんぜんこく)人気度:★★★★★ 国民的(こくみんてき)な祝日(しゅくじつ)
September N4 A2/B1 Speaking Class [ZOOM CLASS] လေး ရှိပါတယ်နော်။⛩️အတန်းချိန် - ဗုဒ္ဓဟူး၊ ကြာသပတေး (7:00-9:00 pm )⛩️သင်တန်းကြေး- 50000 MMK✅အတန်းသင်ရိုးေလးကတော့ irodori+ own curriculum ပါရှင့်။ ✅Listening+ Speaking များများလုပ်ရပါတယ်။ အပတ်တိုင်း presentation ပြောရတာတွေ၊ မေးခွန်းတိုတွေ ဆွေးနွေးရတာ၊ speaking game လေးတွေ ပါပါတယ်။✅Project အနေနဲ့ Presentation video 2 ခု ထပ်ရမှာဖြစ်ပြီး✅သင်တန်းကာလ အတွင်း Tasks တွေ ပြီးမြောက်သူကို certificate လေးလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။9.9.2026(ဗုဒ္ဓဟူးနေ့) တွင် အတန်းစပါမည်။ဒါဆိုရင် အတန်းလေးကို စိတ်ဝင်စားသူတွေက ဒီ telegram link @Hinode510 လေးမှာ🌟Join ချင်တဲ့ အတန်းလေး၊🌟အမည်🌟ဖုန်းနံပါတ် 🌟Email 🌟Fb acc🌟နေရပ်လိပ်စာ တို့ ပို့ပေးပါနော်။
All about Japan お茶(おちゃ)・紅茶(こうちゃ)🍵 お茶(おちゃ)の歴史(れきし)လက်ဖက်ရည်ရဲ့ သမိုင်းお茶(ちゃ)は、何千年(なんぜんねん)も前(まえ)に、中国(ちゅうごく)で生(う)まれたと言(い)われています。→ လက်ဖက်ရည်ဟာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက တရုတ်နိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့တယ်လို့ ဆိုကြပါတယ်။昔(むかし)の中国(ちゅうごく)には、お茶(ちゃ)について有名(ゆうめい)な伝説(でんせつ)があります。→ ရှေးခေတ်တရုတ်နိုင်ငံမှာ လက်ဖက်ရည်နဲ့ပတ်သက်တဲ့ နာမည်ကြီးဒဏ္ဍာရီတစ်ခုရှိပါတယ်။神農(しんのう)という人物(じんぶつ)が、お湯(ゆ)に茶(ちゃ)の葉(は)が落(お)ちたことから、お茶(ちゃ)を発見(はっけん)したと言(い)われています。→ 神農(Shennong) ဆိုတဲ့ပုဂ္ဂိုလ်က ရေနွေးထဲကို လက်ဖက်ရွက်ကျသွားရာကနေ လက်ဖက်ရည်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒဏ္ဍာရီအရ ဆိုပါတယ်။🇯🇵 日本(にほん)にお茶(ちゃ)が伝(つた)わるဂျပန်ကို လက်ဖက်ရည်ရောက်လာခြင်း中国(ちゅうごく)で発達(はったつ)したお茶(ちゃ)の文化(ぶんか)は、後(あと)に日本(にほん)にも伝(つた)わりました。→ တရုတ်နိုင်ငံမှာ ဖွံ့ဖြိုးလာတဲ့ လက်ဖက်ရည်ယဉ်ကျေးမှုဟာ နောက်ပိုင်းမှာ ဂျပန်နိုင်ငံကိုလည်း ရောက်ရှိလာပါတယ်။特(とく)に、仏教(ぶっきょう)の僧侶(そうりょ)たちがお茶(ちゃ)を日本(にほん)に伝(つた)えるのに重要(じゅうよう)な役割(やくわり)を果(は)たしました。→ အထူးသဖြင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေက လက်ဖက်ရည်ကို ဂျပန်နိုင်ငံသို့ ယူဆောင်လာရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။その後(ご)、日本(にほん)では茶道(さどう)という独特(どくとく)なお茶(ちゃ)の文化(ぶんか)が発達(はったつ)しました。→ အဲဒီနောက် ဂျပန်မှာ 茶道(さどう) ဆိုတဲ့ ထူးခြားတဲ့ လက်ဖက်ရည်ယဉ်ကျေးမှု ဖွံ့ဖြိုးလာခဲ့ပါတယ်။---☕ 紅茶(こうちゃ)の歴史(れきし)Black tea ရဲ့ သမိုင်း紅茶(こうちゃ)も、もともとは中国(ちゅうごく)で作(つく)られたお茶(ちゃ)の一(ひと)つです。→ Black tea လည်း မူလက တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လက်ဖက်ရည်အမျိုးအစားတစ်ခု ဖြစ်ပါတယ်။その後(ご)、紅茶(こうちゃ)はヨーロッパにも広(ひろ)がり、特(とく)にイギリスで人気(にんき)が高(たか)くなりました。→ နောက်ပိုင်းမှာ Black tea ဟာ ဥရောပကိုလည်း ပျံ့နှံ့သွားပြီး အထူးသဖြင့် အင်္ဂလန်မှာ လူကြိုက်များလာပါတယ်။イギリスでは、午後(ごご)に紅茶(こうちゃ)を楽(たの)しむ「アフタヌーンティー」という文化(ぶんか)も有名(ゆうめい)です。→ အင်္ဂလန်မှာ နေ့လယ်ပိုင်း Black tea သောက်ရင်း အစားအစာလေးတွေနဲ့ ပျော်ရွှင်စွာ အချိန်ဖြုန်းတဲ့ Afternoon Tea ယဉ်ကျေးမှုလည်း နာမည်ကြီးပါတယ်။---🤔 お茶(おちゃ)の面白(おもしろ)い事実(じじつ)လက်ဖက်ရည်နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်များ① 緑茶(りょくちゃ)と紅茶(こうちゃ)は同(おな)じ植物(しょくぶつ)から作(つく)られます。→ Green tea နဲ့ Black tea ဟာ တူညီတဲ့ အပင်ကနေ ပြုလုပ်ထားတာပါ။違(ちが)いは、茶葉(ちゃば)の加工方法(かこうほうほう)です。→ ကွာခြားတာကတော့ လက်ဖက်ရွက်ကို ဘယ်လိုပြုပြင်ထုတ်လုပ်သလဲ ဆိုတာပါ။---② 日本(にほん)で「お茶(ちゃ)」と言(い)うと?日本(にほん)で「お茶(ちゃ)」と言(い)うと、緑茶(りょくちゃ)を意味(いみ)することが多(おお)いです。→ ဂျပန်မှာ お茶 လို့ပြောရင် Green tea ကို ဆိုလိုတာများပါတယ်။紅茶(こうちゃ)を飲(の)みたいときは、「紅茶(こうちゃ)」と言(い)います。→ Black tea သောက်ချင်ရင်တော့ 紅茶(こうちゃ) လို့ ပြောပါတယ်။---③ 抹茶(まっちゃ)は普通(ふつう)の緑茶(りょくちゃ)と少(すこ)し違(ちが)います。抹茶(まっちゃ)は、茶葉(ちゃば)を細(こま)かい粉(こな)にして、その粉(こな)をお湯(ゆ)に混(ま)ぜて飲(の)みます。→ Matcha က လက်ဖက်ရွက်ကို အမှုန့်ကြိတ်ပြီး အဲဒီအမှုန့်ကို ရေနွေးနဲ့ ဖျော်ပြီး သောက်တာပါ။---④ 「茶道(さどう)」は、ただお茶(ちゃ)を飲(の)むだけではありません。茶道(さどう)では、お茶(ちゃ)の飲(の)み方(かた)だけではなく、礼儀(れいぎ)や相手(あいて)への思(おも)いやりも大切(たいせつ)にします。→ 茶道 (さどう) မှာ လက်ဖက်ရည်သောက်နည်းတစ်ခုတည်းမဟုတ်ဘဲ ယဉ်ကျေးမှု၊ အမူအကျင့်နဲ့ တစ်ဖက်လူအပေါ် ထားရှိတဲ့ ဂရုစိုက်မှု ကိုလည်း အရေးကြီးတယ်လို့ ယူဆပါတယ်။---🌱 Tea vocabularyお茶 おちゃ လက်ဖက်ရည် / Tea緑茶 りょくちゃ Green tea紅茶 こうちゃ Black tea抹茶 まっちゃ Matcha麦茶 むぎちゃ Barley teaほうじ茶 ほうじちゃ Roasted green tea茶葉 ちゃば လက်ဖက်ရွက်茶道 さどう ဂျပန်လက်ဖက်ရည်အခမ်းအနား/ယဉ်ကျေးမှု茶碗 ちゃわん လက်ဖက်ရည်/ထမင်းပန်းကန်砂糖 さとう သကြားミルク ミルク နို့
Telegram Channel Link information