Telegram
Telegram Channel Link
Final Girl - Horror Movies Fan Channel Telegram Channel Link
👁
1
views
↗
0
joins
About this telegram channel link
ဟော်ရာရုပ်ရှင် ကြိုက်သူတွေအတွက် သတင်းနဲ့ ရီဗျူးတွေ တင်ပေးသွားပါမယ်။
Telegram Channel
Latest public posts from this Telegram channel.
817
subscribers
08 Sep 2025
latest post
ဒီ ၂၀၂၅ မှာ လူစိတ်၀င်စားမှုအများကြီး ခံခဲ့ရတဲ့ဟော်ရာရုပ်ရှင် Weapons ကတော့ မနက်ဖြန်ကြရင် Digital အကြည် ထွက်ရှိလာတော့မှာပါ။Prime video မှာ Official release မှာ ဖြစ်ပြီးမြန်မာစာတန်းထိုးနဲ့ ဆိုရင်တော့ ဘာသာပြန်ချန်နယ်တွေကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။Weapons ဟာ ရုံချအပြီးမှာ ဒေါ်လာ သန်း၂၅၀အထိ ရရှိခဲ့ပါတယ်။ကုန်ကျစရိတ်က၃၈ သန်းပါပဲ။#HorrorMovieNews#FinalGirl
Conjuring Last rites ရဲ့ အောင်မြင်မှု ကတော့ကြောက်ခမမ်းလိလိပါပဲ။ အခုဆိုရင် တစ်ကမ္ဘာလုံးမှာ နံပတ် ၁ ရုပ်ရှင်ဖြစ်နေပြီး လေးရက်အတွင်းကန်ဒေါ်လာ ၁၈၇ သန်းအထိ ရလာပါတယ်။ကုန်ကျစရိတ်က ၅၅ သန်းဖြစ်လို့ လေးရက်အတွင်းအရင်းကျေလို့ အစပေါင်းများစွာအမြတ်တွေ ရရှိနေပါပြီ။ဟော်ရာရုပ်ရှင် သမိုင်းတစ်လျှောက် လုံးမှာအကြီးမားဆုံး အဖွင့်၀င်ငွေ ရရှိတဲ့ဒုတိယမြောက် ရုပ်ရှင် ဖြစ်လာပါတယ်။Superman ၊ Fantastic Four ၊ Thunderbolts* Captain America 4 ရုပ်ရှင်တွေရဲ့ စံချိန်ကိုကျော်ဖြတ်ပြီး အဖွင့်၀င်ငွေအများဆုံး ရုပ်ရှင် ဖြစ်လာပါတယ်။FD Bloodlines ကို ကျော်ဖြတ်ပြီး ၂၀၂၅ ရဲ့ အဖွင့်၀င်ငွေအများဆုံး ဟော်ရာရုပ်ရှင်ဖြစ်လာပါတယ်။The Nun ရုပ်ရှင်ကို ကျော်ဖြတ်ပြီး 'Conjuring Universe' ရဲ့ အဖွင့်၀င်ငွေအများဆုံး ရုပ်ရှင် ဖြစ်လာပါတယ်။ရုံတင်အပြီးမှာ စုစုပေါင်းဝင်ငွေ ဒေါ်လာ သန်း ၄၀၀ ကျော် ရရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။အဲ့ထက်လည်း များသွားနိုင်ပါတယ်။လက်ရှိ မြန်မာအပါအ၀င် ရုံတင်ပြသလျက်ပါ။-----The Conjuring Last Rites ရဲ့ Review ကိုကောမန့်ထဲမှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။#HorrorMovieNews#FinalGirl
ဒီအသက်အရွယ်ကြီးရောက်မှ ဟော်ရာရုပ်ရှင်ကြည့်ရင်း ကြီးကြီးမားမား စိတ်အနာတစ်ခုထပ်ရသွားတဲ့ ဇာတ်၀င်ခန်းပေါ့။ အပြင်မှာပါ ကလေးနဲ့ ခွေးကလေး ယှဉ်တွဲနေတာမြင်ရင် လန့်မိနေတုန်းပဲ။ ဒါရိုက်တာကို အပစ်တင်မိပြီး တော်တော်ဆိုးပါလားလို့ပဲ ရေရွတ်မိတယ်။🩸 When evil lurks 2023#AboutHorrorMovies#FinalGirl
၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ "The Conjuring 2" ဇာတ်ကားမှာ ဒါရိုက်တာ James Wan ကValak ဆိုတဲ့ နတ်ဆိုးကို သီလရှင်ပုံစံနဲ့ ပထမဦးဆုံး မိတ်ဆက်ခဲ့ပါတယ်။ အစပိုင်းမှာတော့ Valak ကို နတ်ဆိုးတစ်ပါးရဲ့ ပုံမှန် ရုပ်အသွင်နဲ့သာ ရိုက်ကူးဖို့ စီစဉ်ခဲ့ပေမယ့် နောက်ပိုင်းမှာ သီလရှင်ပုံစံနဲ့သာဆို ပိုပြီးတော့ ထိတ်လန့်စရာ ကောင်းမယ်လို့ ယူဆပြီး ပြောင်းလဲခဲ့ပါတယ်။ဒီလို ပြောင်းလဲလိုက်တဲ့အခါတော့ The Nunဇာတ်ကောင်က ပရိသတ်တွေကြားမှာ အံ့မခန်း အောင်မြင်သွားပြီး လူကြိုက်များခဲ့တာပေါ့လေ။ အဲဒီလို လူကြိုက်များခဲ့တဲ့အတွက် The Conjuring Universe ရဲ့ နောက်ထပ် ဇာတ်လမ်းအခွဲတစ်ခုအနေနဲ့ Valak ရဲ့ မူလဇာစ်မြစ်ကို ဖော်ပြမယ့် အခု The Nun 2018 ကို ရိုက်ကူးခဲ့ပါတယ်။The Nun ရုပ်ရှင်ကို ဝေဖန်ရေး ဆရာတွေကတော့သိပ်ပြီး သဘောမတွေ့ခဲ့ပေမဲ့ Conjuring fanတွေကတော့ အလွန်အမင်း ကြိုက်နှစ်သက်ခဲ့တာကြောင့် Box office မှာ ဒေါ်လာ ၂၂သန်းရင်းပြီး ၃၃၆ သန်းအထိ ပြန်လည် ရရှိခဲ့ပါတယ်။Conjuring Universe ထဲမှာ ၀င်ငွေအများဆုံးရုပ်ရှင် ဖြစ်ခဲ့ပါတယ်။( ပျော်ရွှင်ဖွယ်ရာ The Nun ၇ နှစ်ပြည့်နှစ်ပတ်လည် နေ့လေးပါနော် 🖤✝️ )#HorrorMemory#TheNun#FinalGirl
ဒီနှစ်ပိုင်းတွေထဲ ဟော်ရာဖန်တွေ ထပ်ပြီးရလိုက်တဲ့ Horror Princess တစ်ဦးကတော့မင်းသမီး Sophie Thatcher ပါပဲ။Sophie Thatcher ဟာ အသက် ၂၄ နှစ်သာရှိသေးပေမဲ့ သရုပ်ဆောင် အပိုင်းမှာတော့တကယ် အရည်အချင်းရှိတဲ့ မင်းသမီးငယ်တစ်ဦးလို့မြင်မိပါတယ်။ Horror Thriller ရုပ်ရှင် လေးကား နဲ့ Yellow Jacket ဆိုတဲ့ Thriller Mystery စီးရီးမှာ ပါ၀င်ထားပါတယ်။ဒီမှာကတော့ သူ့ကိုအများစုက Heretic ရုပ်ရှင်နဲ့Companion မှာ သတိထား မိခဲ့ကြပါတယ်။Inter မှာကတော့ Yellow Jacket စီးရီးနဲ့ကတည်းက ပေါက်ခဲ့ပြီးသားပါ။သူ့ ပုံစံလေးက ဘယ်သူ့ လောင်းရိပ်မှမမိပဲ ကိုယ်ပိုင်ဟန်လေး ရှိတာကြောင့် အနာဂတ်မှာ ဆက်လက်တောက်ပလာမဲ့ မင်းသမီးပါပဲ။Heretic The Boogeyman Companion Yellow Jacket Maxxxine#HorrorMovieActress#SophieThatcher#FinalGirl
ဟော်ရာရုပ်ရှင်တွေ ရိုက်ကူးနေရင်း တကယ် သရဲခြောက်ခံလိုက်ရတယ်လို့ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေပြောတာတွေကို ကြားဖူးကြမှာပါ။ အဲ့တာတွေက မြန်မာမှာပဲ ရှိတာမဟုတ်ပဲ တစ်ခြားနိုင်ငံတွေမှာလည်း ရှိကြပါတယ်။ အများစုကတော့ တကယ် မဟုတ်ပါဘူး။ ငွေမကုန် လူမပန်းတဲ့ မားကတင်းတစ်မျိုးအနေနဲ့ အသုံးပြုကြတာပါ။အနုပညာရှင်တွေနဲ့ ဒါရိုက်တာတွေဟာ သူတို့ရဲ့ရုပ်ရှင်ကားတွေကို လူသိများ စေချင်တဲ့အခါရိုက်ကွင်းအတွင်း အိမ်မြှောင်ထအော်တာကအစ အထအန ကောက်ပြီး သရဲခြောက်ခံရသလိုလို အကြောင်းအရာတွေကို ပုံကြီးချဲ့ကာ ပြောကြလေ့ ရှိပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် ရုပ်ရှင်ကြည့်မဲ့ပရိသတ်တွေကို စိတ်ဝင်စားစရာဖြစ်စေတဲ့အပြင် ပိုပြီးခြောက်ခြားစရာ ကောင်းလာ စေပါတယ်။တချို့ရုပ်ရှင်တွေမှာ ဆိုရင်လည်း သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ နေရာတွေမှာ တကယ်သွားပြီး ရိုက်ကြတာမျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ရိုက်ကူးနေရင်း သရဲခြောက်ခံရတာကိုတော့ စကားဖြင့်သာ ပြန်ပြောပြနိုင်ပြီး သက်သေပြ နိုင်ခြင်းတော့ မရှိခဲ့ကြပါဘူး။ဒါကြောင့် ရိုက်ကွင်းပေါ်မှာ သရဲခြောက်ခံရတယ်ဆိုတဲ့ စကားတွေဟာ ရုပ်ရှင်အပေါ် လူစိတ်၀င်စားမှု မြင့်လာအောင်လုပ်တဲ့ မားကတင်း သက်သက်ပါပဲ။🚨 မှတ်ချက်အနေနဲ့ကတော့ ဒီဘက်ခေတ်မှာအဲ့လို မားကတင်းမျိုးကို ဘယ်သူမှ သိပ်မသုံးကြတော့ပါဘူး။ ရုပ်ရှင်ကြည့်မဲ့ ကိုယ့်ရဲ့ ပရိတ်သတ်အပေါ် လှည့်စားတာပဲလို့ မြင်လာကြလို့ပါ။ဒါကြောင့် မားကတင်းတွေကို တစ်ခြား ထူးခြားတဲ့ နည်းလမ်းအသစ်တွေနဲ့သာ လုပ်လာကြပါတယ်။ ဥပမာ Smile ရုပ်ရှင်တုန်းက ထုတ်လုပ်ရေးဟာ အားကစားကွင်းထဲမှာ အဖွဲ့သားတွေကို လွှတ်ပြီး လူကြားထဲမှာ ပြုံးပြခိုင်းနေတာ မျိုးပေါ့။#HorrorMovies#FinalGirl
ဒီ 2025 ရဲ့ အကောင်းဆုံး ဟော်ရာ စုံတွဲတွေ 🖤Together က မင်းသားနဲ့ မင်းသမီးကတော့အပြင်မှာလည်း တကယ့် လင်မယားတွေပါပဲ။ဒါကြောင့် ဓာတုဗေဒတွေ အရမ်းမိတယ်။လော်ရိန်းတို့ အတွဲကကြ တကယ့်လင်မယားမဟုတ်ပဲနဲ့ကို တကယ်လို့ ထင်ရအောင်အထိ Chemistry အရမ်း မိခဲ့တာမျိုး။ 🩸 Together ✝️ The Conjuring Last Rites #HorrorMovies#FinalGirl
It 2019 ကတော့ 2017မှာ ထွက်ခဲ့တဲ့ It ရုပ်ရှင်ရဲ့တိုက်ရိုက်အဆက် ဖြစ်ပါတယ်။ မူလ ရုပ်ရှင်1 လိုပဲ အောင်မြင်မှု အတော်လေးရခဲ့တာပါ။Budget 79 Million သုံးထားပြီး 473 Million အထိ ၀င်ငွေ ပြန်လည်ရရှိခဲ့ပါတယ်။ဇာတ်လမ်းကတော့ ပထမဇာတ်ကားရဲ့ အဖြစ်အပျက်တွေပြီးတဲ့နောက် ၂၇ နှစ်အကြာမှာတော့ Pennywise ကြီးဟာ Derry မြို့ကို ပြန်ရောက်လာပြီး လူတွေကို စတင်ခြောက်လှန့်၊ သ၊တ်ဖြ၊တ်ပါတော့တယ်။ Losers' Club အဖွဲ့ဝင်တွေဟာလည်း ကလေးဘဝက ပေးခဲ့တဲ့ ကတိအတိုင်း ပြန်လည်စုစည်းပြီး Pennywise ကြီးကို အပြီးတိုင် တိုက်ခိုက်ပစ်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ လူကြီးတွေဖြစ်လာကြတဲ့အတွက် ကလေးဘဝက ရင်ဆိုင်ခဲ့ရတဲ့ အကြောက်တရားတွေ အဖြစ်အပျက်တွေထက် ပိုပြီးကြီးမားတဲ့အရာတွေနဲ့ ခက်ခက်ခဲခဲရင်ဆိုင်ရပုံကို ရိုက်ကူးတင်ဆက်ထားတာပါ။ပထမ ရုပ်ရှင်ကို ကြိုက်နှစ်သက်ခဲ့ရင် ဒီဒုတိယရုပ်ရှင်ဟာလည်း အကောင်းမွန်ဆုံး အဆုံးသတ်ပေးထားတဲ့အတွက် ကြိုက်နှစ်သက်ကြမှာပါ။#HorrorMovieMemory#FinalGirl
အိမ်အတွင်းကနေ ခေါင်မိုးကို ဖောက်ပြီး အပေါ်စီးကနေအိမ်ကို ရိုက်ပြတယ် ပြီးတော့ အိမ်ထဲကို ဒရုန်းနဲ့ ဒုန်းဆိုင်းပြန်၀င်လာပြီး ခြောက်လှန့်ပြထားတဲ့ အခန်းကို အတော်သဘောကျမိပါတယ်။ သူ့ရဲ့အားနည်းချက် တစ်ခုကတော့ ဇာတ်လမ်းကိုအစကနေ အဆုံးအထိ ပရိတ်သတ် စီးမျောသွားအောင် မတည်ဆောက်တတ်တာပါ။ TC 3မှာကတည်းကပါ။ ဇာတ်က အစမှာ အရှိန်ကောင်းပြီး အလယ်မှာ အတော်အီပြီး အိုင်ပါတယ်။နောက်ဆုံးမှသာ ပြန်ပြီးအရှိန်တက်လာပါတယ်။ တစ်ခြား ရုပ်ရှင်မှာသာ အဲ့လို ဇာတ်လမ်းကိုင်တွယ်မှုမျိုးနဲ့ဆိုရင် ဂွမ်းမှာပါပဲ။ Conjuring မလို့သာ ပရိတ်သတ်တွေက ဇာတ်ကောင်တွေရဲ့ဘ၀ကို ကြာကြာလေးကြည့်ချင်တာမလို့ ခံသာသွားတာပါ။James Wan ရဲ့ Conjuring 1 နဲ့ 2 ကို မမှီခဲ့ပါဘူး။ဒါပေမဲ့ Conjuring 3 ထက်တော့ အခုရုပ်ရှင်ကအများကြီးကို ပိုသာပါတယ်။ဒါကြောင့် The Conjuring 1 ကို 10/10 The Conjuring 2 ကို 9.5/10 နဲ့ အခု Last Rites ကိုတော့ 8.5 အထိ ပေးထားပါတယ်။ 🎞️ ဇာတ်လမ်း အသွားအလာဇာတ်လမ်း အသွားအလာက အစမှာ လော်ရိန်းတို့ မိသားစုရဲ့သာမန်ဘ၀လေးနဲ့ နတ်ဆိုးခြောက်လှန့်တာ ခံနေရတဲ့ Smurl တို့မိသားစု ဘ၀ကို တစ်လှည့်စီပြထားပါတယ်။ နောက်ပိုင်းကြမှ Smurl မိသားစုကို လော်ရိန်းတို့ လာကူညီရင်း အားလုံး တစ်စုစည်းတည်း ဖြစ်သွားပါတယ်။ဒီရုပ်ရှင်က ဖြစ်ရပ်မှန်ရဲ့နောက်ကို အနီးစပ်ဆုံးဖြစ်အောင် လိုက်ထားတဲ့ရုပ်ရှင်ပါ။ ဒါကြောင့်အရင်ကားတွေလိုတော့ ဖြစ်ရပ်မှန်နဲ့ ကွာဝေးသွားမှာဆိုးလို့ အရမ်းတွေ ကြမ်းပြမထားပါဘူး။ အရမ်းလည်း လျော့မနေပါဘူး ပုံမှန်လောက်ပါပဲ။***ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ Last Rites ဟာConjuring Universe မှာ ကြောက်ဖို့အကောင်းဆုံးရုပ်ရှင် အကြမ်းဆုံးရုပ်ရှင်တော့ မဟုတ်ပါဘူး။ ဒါပေသိ ဂုဏ်သိက္ခာရှိပြီး သင့်တင့်လျောက်ပတ်တဲ့ ဇာတ်လမ်းနဲ့ နောက်ဆုံး အပိတ်ရုပ်ရှင်တစ်ခုတော့ ဖြစ်ခဲ့ပါတယ်။ Ed နဲ့ Lorraine တို့ရဲ့အချစ်နဲ့ မိဘတွေဖြစ်လာရခြင်းအဓိပ္ပါယ်ကို လှပစွာ ပြသထားထားပြီး နွေးထွေးတဲ့ ခံစားချက်ရတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အဆုံးသတ် ရုပ်ရှင်လို့ ဆိုထားပေမဲ့လည်းဒီ Universe ကို အနာဂတ်မှာ ဆက်ပြီးရိုက်ကူးနိုင်ဖို့ မျိုးဆက်သစ် တစ်ခုနဲ့ လမ်းဖွင့်ပေးထားခဲ့ပါသေးတယ်။ ဒါပေမဲ့ လော်ရိန်းတို့ ပါ၀င်ခဲ့တဲ့ ဒီ Universe ကြီးကတော့ တကယ်ကို တံခါးပိတ်သွားခဲ့ပါပြီ။ Conjuring 1 ကတည်းကနေ ကြည့်ရှုခဲ့တဲ့ ပရိသတ်တွေ အတွက်တော့ ဒီနှုတ်ဆက်ရုပ်ရှင်ဟာ တန်ဖိုးရှိလှပါတယ်။ Conjuring ဖန်တစ်ယောက်အနေနဲ့လည်း ဒီဇာတ်ကောင်တွေကို အခုလို အဆုံးသတ် လှလှလေးနဲ့ “အနားယူဖို့"အခွင့်ပေးလိုက်သင့်ပြီလို့လည်း ခံစားရပါတယ်။❓ကြည့်သင့် မကြည့်သင့်သင်ဟာ Conjuring ရုပ်ရှင်တွေကို ဟိုးအရင်ကတည်းက အစဉ်တစိုက် နှစ်သက်အားပေးလာတဲ့သူ Lorraine နဲ့ Ed ဇာတ်ကောင်တွေကိုသံယောစဉ် ရှိနေတဲ့သူဆိုရင် Last Rites ကို မဖြစ်မနေ ကြည့်ဖို့ လိုပါတယ်။ ဘာကြောင့်လည်းဆိုရင် ၁၂ နှစ်တာ ကာလလုံးမှာ အမှတ်တရတွေ အများကြီးနဲ့ ကြည့်ခဲ့ရတဲ့ ဒီ Universe ကို လှလှပပကြီး ပိတ်သိမ်းပေးထားတဲ့ နောက်ဆုံးရုပ်ရှင် ဖြစ်နေလို့ပါပဲ။အဲ့လိုမှ မဟုတ်ပဲ ငါတို့ကတော့ သရဲကားဆိုရင် ခြောက်လှန့်တာတွေ အများကြီးနဲ့ တောက်လျှောက် ရှယ်ကြမ်းတာမျိုးမှ ကြည့်ချင်တာ ဆိုရင်တော့ Last Rites က သင့်အတွက်ရည်ရွယ်ထားတာ မဟုတ်ပါဘူး။#FinalGirlHorroramovieReview#theconjuringthelastrites
The Conjuring : Last Rites 2025 ( Review )🧾ဇာတ်လမ်းအကျဉ်းWarren ဇနီးမောင်နှံဟာ အခုချိန်မှာ ခင်ပွန်းဖြစ်သူ Ed ရဲ့ နှလုံးရောဂါ အခြေအနေကြောင့် အပနှင်ခြင်းကိစ္စများကနေ အနားယူပြီး သာမန်ဘ၀မှာပဲနေထိုင်ကြဖို့ ဆုံးဖြတ်ထားကြပါတယ်။ဒါပေမဲ့ တစ်နေ့တော့ သူတို့ဆီကို ရှောင်လွှဲလို့မရတဲ့ အမှုကိစ္စတစ်ခု ရောက်လာခဲ့ပြန်ပါတယ်။အဲ့ဒါကတော့ ဝိညာဉ်သုံးကောင်ရဲ့ ခြောက်လှန့်ခြင်းကို အလူးအလဲ ခံစားနေရတဲ့ Smurl လို့ ခေါ်တဲ့ မိသားစုကို ကူညီကယ်တင် ပေးရမှာပါပဲ။တကယ်တော့ Smurl မိသားစုအိမ်မှာ ခြောက်လှန့်နေတာတွေက ရိုးရိုး ဝိညာဉ်တွေမဟုတ်ပဲလော်ရိန်းတို့ လင်မယား ငယ်စဉ်အခါတုန်းကကြုံတွေ့ခဲ့ရတဲ့ ရှေးဟောင်းမှန်ထဲက နတ်ဆိုးကြီးရဲ့ လက်ပါးစေတွေ ဖြစ်နေပါတယ်။အဲ့တုန်းက လော်ရိန်းမှာ ကိုယ်၀န်လွယ်ထားရတာမလို့ ကလေးကို ထိခိုက်မှာဆိုးတာကြောင့် ဒီနတ်ဆိုးနဲ့ ရင်မဆိုင်ရဲပဲ ရှောင်ပြေးခဲ့ကြပါတယ်။ ဒါပေမဲ့ အခုတော့ သူ့သမီး Judy နဲ့ Smurl မိသားစုကိုပါ တစ်ဖန်ပြန်လာပြီး ထွက်ပေါက်မရှိအောင် ဒုက္ခအကြီးအကျယ် ပေးမှာမို့ ထိပ်တိုက်ရင်ဆိုင် ချေမှုန်းရပါမယ်။🤍🧾တစ်ကိုယ်ရည် သုံးသပ်ချက်အက်မင် ဟာ ငယ်စဉ် အခါကတည်းက တစ်ခြားရုပ်ရှင် အမျိုးအစားတွေထက် ဟော်ရာရုပ်ရှင်တွေကိုပဲ အကြည့်များခဲ့ပါတယ်။ ဟော်ရာတွေကိုတကယ်ကို နှစ်သက်လွန်းတာကြောင့် အခုလိုFanpage ဖွင့်ပြီး နေ့စဉ် မျှဝေပေးနေတာပါ။ဟော်ရာဖန်တစ်ယောက် ဖြစ်တဲ့အညီ Conjuring Universe ကိုလည်း လုံး၀စိမ်းကားလို့မရခဲ့ပဲအရမ်းကြိုက်ခဲ့ရပါတယ်။ ဒီ ၁၂ နှစ်တာလုံးမှာတစ်ကားမှ မလွတ်ပဲ ကြည့်ခဲ့ပြီး သံယောစဉ်ဖြစ်ခဲ့ရပါတယ်။ တစ်ခြားသူတွေအတွက် Harry Potter တို့ Spider man ရုပ်ရှင်တို့က ခင်တွယ်စရာ သူငယ်ချင်းဖြစ်မယ်ဆိုရင် အက်မင့် အတွက်ကတော့ Conjuring Universe ကလည်း ခင်တွယ်စရာ တစ်ခုပါပဲ။Last rites ကို စကြည့်တဲ့အခါမှာ တွေးထားခဲ့တာက ရိုးရှင်းပါတယ် Conjuring ဖန်တစ်ယောက်အနေနဲ့ ဒီရုပ်ရှင်ဟာ ငါနောက်ဆုံး ကြည့်ရတော့မဲ့ ရုပ်ရှင်ပဲ အဲ့တော့ ပိတ်ကားပေါ်မှာ ပေါ်လာသမျှ အရာအားလုံးကို အကောင်းဆုံး ခံစားပစ်ခဲ့မယ်ဆိုတာပါပဲ။ဇာတ်၀င်ခန်းတိုင်းဟာ တကယ်ကို လှပပါတယ်။ဖန်တစ်ယောက်အနေနဲ့ မျက်ရည်ဝဲမိတဲ့ အခန်းတွေမှ အများကြီးပါ။ လော်ရိန်းတို့ရဲ့ငယ်ဘ၀ကိုပါ ရိုက်ပြထားတာမလို့ အရင်ကားတွေထက် ပိုပြီးနက်ရှိုင်းခဲ့ပါတယ်။ လုံး၀ မထင်မှတ်ထားတဲ့ အရင်က ဇာတ်ကောင်တွေရော ဟော်ရာဖန်တွေနဲ့ မစိမ်းတဲ့ လူတစ်ယောက်ကိုရော မြင်လိုက်ရတဲ့ အခါမှာ အရမ်းကို ပီတိဖြစ်သွားရပါတယ်။ အရှေ့ကကားတွေလို အပနှင်တာတွေ နတ်ဆိုးခြောက်လှန့်တာတွေကို ဦးစားပေး မရိုက်ပြထားပါဘူး။ Warren မိသားစုရဲ့ ရိုးရှင်းတဲ့ဘဝပုံစံလေးကို ဦးစားပေး မြင်တွေ့ရပါတယ်။ လော်ရိန်းတို့ဟာ သာမန်ဘဝမှာ ပြန်လည်နေထိုင်ကြတဲ့အပြင် သမီးဖြစ်သူ အိမ်ထောင်ပြုတော့မယ့် ပြောင်းလဲမှုနဲ့ပါ ရင်ဆိုင်ရပါတယ်။ ဒါကြောင့် သားသမီးအပေါ် စိုးရိမ်မှုတွေ ကောင်းကောင်းမွန်မွန် ဖြစ်စေချင်တဲ့ မိဘရဲ့ ဆန္ဒတွေကို ပုံဖော် ပြသထားပါတယ်။Conjuring Universe ကို အစကနေ အဆုံးအထိ ကြည့်ရှုခဲ့ရတဲ့ ပရိသတ် တစ်ယောက်အနေနဲ့ ဇာတ်ကောင်တွေ အခုလို မျက်စိရှေ့မှာတင်ကြီးပြင်း ပြောင်းလည်းလာတာကို မြင်ရတဲ့အခါမှာ ရင်ထဲမှာ ကြည်နူးစိတ်တွေဖြစ်ပေါ်ရပြီး တစ်ချို့အခိုက်အတန့်တွေမှာ မျက်ရည်ကျခဲ့ရပါတယ်။အဲ့လိုဆိုတိုင်း မိသားစုကားကြီးလားဆိုပြီး စိတ်ပူပန်စရာတော့ မလိုပါဘူး။ ခြောက်လှန့်တဲ့ ဇာတ်၀င်ခန်းတွေလည်း ပါပါတယ် ။ တစ်ချို့Jump scareတွေမှာ ခန့်မှန်းမိမလိုနဲ့ ကိုယ်တိုင် အငိုက်မိပြီးလန့်သွားရဝာာတွေလည်း ရှိပါတယ်။🎭 သရုပ်ဆောင်မှု အပိုင်းConjuring Universe တစ်ခုလုံးရဲ့ အားသာချက်အကြီးကြီးကတော့ မင်းသား "Patrick Wilson" နဲ့ မင်းသမီး "Vera Farmiga" တို့လို သရုပ်ဆောင်ကောင်းတဲ့ နှစ်ယောက်ကို ပိုင်ဆိုင်ထားတာပါပဲ။နှစ်ယောက်လုံးရဲ့ Screen Time က ဒီ Last Rites မှာ အများဆုံးပါပဲ။ ဒီစုံတွဲကို တ၀ကြီး ကြည့်ချင်သူတွေအတွက်တော့ ကွက်တိပါ။ နှစ်ယောက်လုံးက ဇာတ်ကောင်တွေအတွက် အပြည့်အဝကို အားစိုက်ထုတ်ပြီး သရုပ်ဆောင်ထားဆဲပါပဲ။ နှစ်ယောက်သား Chemistry မိချက်ကြီးက တစ်ချို့အခန်းတွေမှာဆိုရင် Romance Drama ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်နေရသလိုမျိုး အထိ ခံစားရပါတယ်။ နောက်ဆုံးအခန်းနဲ့Judy လေး မင်္ဂလာဆောင်တဲ့ အခန်းဆိုရင်အတော်ကို ကြည်နူးရပါတယ်။📽️ဒါရိုက်တာအပိုင်းနဲ့ အားသာချက် အားနဲချက်အစက ဒီရုပ်ရှင်ကို ဒါရိုက်တာ Michael Chavesကပဲ ရိုက်ကူးမယ်ဆိုတော့ စိုးရိမ်စိတ်ရှိခဲ့ပါတယ်။James Wan နဲ့ပဲစပြီး James wan နဲ့ ပဲ ဆုံးစေချင်ခဲ့တာပါ။ Michael က အရှေ့က TC 3 မှာတလွဲတချော်တွေ လုပ်ခဲ့တာမလို့ အများကြီးမျှော်လင့်မထားရဲခဲ့ပါဘူး။ ဒါပေမဲ့ အခု ဒီရုပ်ရှင်မှာတော့ လက်ရာ ပိုသေသပ်လာတာတွေ့ရပါတယ်။ အထူးသဖြင့် ရိုက်ချက်တွေ ပိုလှလာတာပါ။ ကင်မရာအယူအစတွေ တော်တော်ကောင်းပါတယ်။
Channel photo updated
Telegram Channel Link information
Category
Film & Animation
Country
🇮🇳 India
Language
English
Type
Telegram Channel Link
Subscribers
817