Home › Groups › ATK Myanmar Food (Philippines)
ATK Myanmar Food (Philippines) Telegram
Telegram Channel Link

ATK Myanmar Food (Philippines) Telegram Channel Link

★★★★★ 0.0 (0 ratings)
👁 2 views ↗ 0 joins
🇵🇭 Philippines 🌐 Filipino # General
About this telegram channel link
Order on telegram @Myanmarfoodph မနီလာမြို့ရဲ့ တခုတည်းသော တရားဝင် မြန်မာအရသာစစ်စစ် စားသောက်ဆိုင် 🇲🇲 Restaurant & Cloud Kitchen providing authentic Myanmar food 💛 Facebook: www.facebook.com/atkmyanmarfoodph
Telegram Channel

Latest public posts from this Telegram channel.

672 subscribers
13 Oct 2026 latest post
Click to fetch the latest posts directly from Telegram.
ဆိုင်ဖွင့်ပြီဗျို့ … ဘာစားချင်စိတ်ပေါ်နေလဲ ?
ဒီညဘာစားကြဦးမလဲ အဆွေတော်တို့?မေးနေကြလို့ .. ဟုတ်ပါတယ် မြန်မာပြည်က ကြက်ဥချောင်းအရသာ နဲ့ တထပ်တည်းပါ။ ဒီကစျေးထဲမှာတွေ့ရတတ်တဲ့ဟာမျိုးမဟုတ်ပါ။ရိုးစင်းပေမယ့် စားလို့ကောင်းသော အိမ်အလွမ်းပြေလေးတွေတခါတလေတင်ဆက်ပေးချင်လို့ပါ။ ရိုးရှင်းတယ်ဆိုပေမယ့် ထမင်းဆီဆမ်းလေးက သေချာလေး အရသာရှယ်အောင် လုပ်ပေးထားတယ်။ ကြက်အူချောင်း ကြော်ကလဲ အကောင်းဆုံး texture နဲ့လာမယ်။ ကြက်ဥကြော်နဲ့ ဘာလချောင်လေးနဲ့ ဆိုတော့ ကြိုက်ကြမှာပါ။အားလုံးကမှာပြီဆို ပင်ပင်ပန်းပန်းရှာထားရတဲ့ ငွေသုံးရပြီမို့ လက်လွတ်စပယ် အလွယ်တွေတင်ပြီး စျေးလည်းတင်မရိုက်ပါ။ အစားအစာ အသစ်တွေရော main menu ထဲကဟာတွေရော ကောင်းသထက်ကောင်းအောင် အမြဲ စမ်းသပ်ကြည့်ပါတယ်။ ကြိုက်ပြီးသားရောင်းကောင်းပြီးသားတောင် လွှတ်မထားတာ နှစ်ပေါင်းများစွာကထဲက စားဘူးသူတွေသိမှာပါ။ စေတနာတွေဘာတွေလျှောက်မပြောတော့ပါ။ ကိုယ်တွေကိုယ်တိုင် အစားအစာစားပြီဆို ပေါချောင်ကောင်းကြိုက်လို့ပါ ရှင်းရှင်းလေးပါပဲ ဟဲဟဲ
ဒီအပတ်အတွက် special မီနူးပါ.. main menu အပြောင်းအလဲမရှိပါ။ အားလုံးအတွက်ပျော်ရွှင်စရာ ရက်သတ္တပတ်လေးဖြစ်ပါစေ။
မနက်ဖြန်တော့ ထုံးစံအတိုင်းဆိုင်တရက်ပိတ်မှာမို့ ဒီညဘာစားကြဦးမလဲ?အထူးသဖြင့် weekly special က ၃ မျိုးနောက်တပတ် ပြောင်းမှာမို့ ရတုန်းကြိတ်ကြပါ။
pasay ကဆိုင်လာစားဖို့မေးတဲ့လူတွေအတွက်..တခြားမြို့က တကူးတကလာစားသူတွေထက်လွယ်ပါတယ်။ ရထားလိုင်းပြောင်းစရာမလိုလို့ပါ။ ပုံထဲမှာတွေ့ကြတဲ့အတိုင်း ၃၊၄ ဘူတာဆို Dr Santos ရောက်ပါမယ်။ ရောက်ရင် တချို့experience လိုချင်သူတွေဆို bus or jeep 2 မှတ်တိုင်လောက်စီးကြတယ်။ မဟူတ်ရင်တော့ တယောက်ထဲဆို joyride ၁၀၀ အောက်နဲ့အေးဆေး။ ကားနဲ့ဆို grab ထက်စာရင် green GSM or In Drive မိုက်တယ် စျေးလဲပိုသက်သာတယ်။ In Drive က online ပေးတဲ့လူတွေဆို ဆိုင်ကယ်ငှါးပေးနေကျ။ပေါပြီး reliable ဖြစ်လို့။သူ့ကား service ကလဲပေါတယ်။ တနေ့ကညဆိုင်းအပြီး လာစားတဲ့ညီမလေးတွေပြောတာ 4 seater ကို ၃၀၀ ကျော်ပဲတဲ့ ဘယ် rider or car service မှာမဆို ATK Myanmar Food လို့ရိုက်ထည့်ငှါးလိုက်ရုံပါပဲ။ဘယ်လိုပဲလာလာ။ မလာပဲမှာမှာ အားပေးကြသူများအားလုံးအထူးကျေးဇူးပါ 🙏🤍
ဒီ video ထဲကလူတွေလိုဆိုရင်တော့ ကျော်သွား။ ကိုယ်တွေလို ထမင်း+ဟင်း crazy ဆိုရင်တော့ ညဘက် ဘာစားချင်သေးလဲမေးဖို့ …
8 ထိုးပြီ! နောက် ၂ နာရီအတွင်းမှာကြရအောင် … လာမယ်ဆိုလဲ သွက်သွက်လေး ဆရာ ဆရာမတို့
ဆိုင်ဖွင့်ပါပြီ။ ဒီနေ့ဆိုင်မှာလာစားတဲ့သူတွေ အအေးတခွက်စီတိုက်မယ် ဒါပဲ..အအေးဆိုလို့ဒီလကုန် or နောက်လဆန်းလောက်ဆို တို့တွေမြန်မာပြည်မှာ ကြိုက်ခဲ့ကြတဲ့ဖျော်ရည်တမျိုးစရမယ်။ညီအကိုမောင်နှမတွေ အားလုံးအတွက် သာသာယာယာသောကြာနေ့လေးဖြစ်ပါစေသတည်း 🤍🤍🤍🤍🤍🤍
ကဲ ညဘက် လာတတ် မှာတတ်သူလေးတွေ ဘာစားကြဦးမလဲ။ ၁၀ နာရီ မထ်ုးခင်ချကြမယ်။ဓါတ်ပုံထဲကလို ရှောက်သီးသုပ်ဘာညာဆိုတာ weekly special menu ထဲကဆိုတော့ာရှိတုန်းလေးအားပေးကြပါ။ နိုင်နိုင်နင်းနင်းလေးလုပ်ချင်တယ် အစုံလဲစားစေချင်တယ်ဆိုတော့ ခုလိုတော့ပြောင်းနေဦးမှာမို့ ရှယ်တွေမရိုးရအောင်ဆွဲချင်တယ်ဆို ထမင်းလပေးစားရင်စား၊ special လေးထဲပါတုန်းစားရင်စားပေါ့နော်။အားလုံး ကြောင့်ကျရမှုတွေက ကင်းဝေးပြီးပျော်ရွှင်နိုင်ကြပါစေ 🤍
ဆိုင်ဖွင့်ပါပြီ .. ATK myanmar food ကကြ်ုဆိုနေပါတယ် အမျိုးများအားလုံးကို အားလုံးကျန်းမာရွှင်လန်းကြပါစေ ❤️❤️❤️
ကဲ ဆိုင်မပိတ်ခင်ဘာဖဲ့ကြမလဲ နောက်ထပ် ၂ နာရီခွဲလောက်အတွင်း ရောက်အောင်လာ ရအောင်မှာကြရအောင်နော့ဒါနဲ့စကားမစပ် - ပုံထဲက ချဉ်စော်ကားသီးသောက်ဆမ်းကလေ - အသင်တော်တော်အဖျားမိ နေရင်တောင် ချက်ချင်းလို ကောက်လန်း လာမှာမျိုး! အရမ်းဂွတ်ရှယ်ပဲ .. စားကြည့်ပြီးကြပြီလား?
ဆိုင်ဖွင့်ပါပြီ။ မှာစားချင်၊ လာစားချင်သူတွေအတွက် အဆင်သင့်ပါပဲနော် …
ကဲ ကဲ ကဲ ဒီတပတ်အတွက် special menu ထွက်ပါပြီ။အားလုံးအကြိုက် ချဉ်ချဉ်စပ်စပ် အထူးဟင်းလျာတွေလာပါပြီ!စပယ်ရှယ် ကြက်ချဉ်စော်ကားသီးချက်နဲ့ ATK ရဲ့ all time best seller ထဲက တခုဖြစ်တဲ့ ရှောက်သီးသုပ်တို့ ပြန်လာပြီပေါ့နော်…ရတာပေါ့၊ ခုညထဲကစမှာစားလို့ရပါပြီHave an awesome week guys!
ဆိုင်ဖွင့်ပါပြီ ဘာဟင်းနဲ့ထမင်းစားကြမလဲဒီနေ့? အခွံပါစားလို့ရတဲ့ကြွပ်ရွပုစွန်နဲ့လား၊ အမြစ်မှဟုတ်ရဲ့လားဆိုတဲ့ အိအိထုတ်ထုတ် ကြက်အမြစ်ဟင်းနဲ့လား?
သီတင်းကျွတ်ပွဲအတွက် တဦးချင်းဖိတ်စာတွေစပို့ပေးနေပါတယ်.. အလုပ်တဖက်နဲ့မို့နှောင့်နှေးနေပါသေးတယ်.. ကိုယ်တွေစီက ဒီ ၂ လအတွင်းမှာစားဖူးသူ၊ အမြဲမှာစားနေကျ ဖောက်သည်တယောက်ချင်းစီပို့ချင်ပါတယ်.. တချို့ကျအမြဲမှာနေ၊ ဆိုင်မှာလဲလာစားဘူးသော်လည်း နာမည်အရင်းကမသိ ဘောက်ချာထဲကနာမည်နဲ့ပဲပေါ့ဖိတ်လိုက်ပါတယ်.. တချို့ကျ အကောင့်မျိုးစုံနဲ့မို့ အလုပ်ကအကောင့်ပို့ရင်လဲပို့မိပါမယ်.. ဒါကြောင့်မှာတိုင်းနာမည်သေချာမေးရတာက order တွေ မရှုပ်မမှားအောင်အပြင် reward point တွေကိုမှာတိုင်းရဖို့၊ ဒီလိုပွဲတွေ နာမည်တပ်ပြီးသေချာဖိတ်ချင်လို့နဲ့ ကံစမ်းမဲအတွက် နာမည်နဲ့မဲလိပ်ချင်လို့ပါ။ဘာပဲဖြစ်ဖြစ်အားလုံးရအောင် ကြိုးစားဖိတ်သွားပါမယ်။ အားလုံးလဲကြိုးစားလာကြပါလို့.. တွေ့မယ်ဆုံမယ် ဘဝအမောတွေ နာရီပိုင်းဖြစ်ဖြစ်မေ့ထားရင်း ပျော်ကြပါးကြမယ်။
ဆိုင်ဖွင့်ပါပြီ ဘာတွေလာစားကြမလဲ ဒီ weekend မှာ?
ဆိုင်ပိတ်ရန် ၂ နာရီအလို.. ဘာတွေလာစားကြဦးမလဲ? လမ်းမှာကြိုမှာချင်ရတယ်နော် ရောက်တာနဲ့ဆွဲပဲပေါ့ ရှလွတ် ..
ဆိုင်ဖွင့်ပါပြီ ဆိုတော့ မှာစားမလား၊ လာစားမလား ကြိုက်ရာရွေးချယ်📸 ပဲပြုတ်ထမင်းကြော် / လဖက်ထမင်း
Telegram Channel Link information
Category General
Country 🇵🇭 Philippines
Language Filipino
Type Telegram Channel Link
Subscribers 672
Rate this group

How would you rate this community?

0.0 ★ Join Group →